This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Sunday, July 21, 2013
ချစ်သူနဲ့ အမြဲအဆင်ပြေနိုင်ဖို့သိသင့်တဲ့ အချက်များ
၁. အကယ်၍ သင်ဟာ သင့်ချစ်သူကို တကယ်ချစ်မိပြီဆိုရင် အရာရာကို ပေးဆပ်ရပါတော့မယ်..
ဒါပေမယ့် ကိုယ်ဟာမိန်းကလေးဆိုရင် ချစ်သူတောင်းဆိုတိုင်းမလိုက်လျေ
ာ့သင့်ပါဘူး
ယောက်ျားလေးတယောက်ဆိုရင်လည်း ချစ်သူကို တကယ်ချစ်ရင် ရမ္မက်ပါတာမျိုးကို မတောင်းဆိုသင့်ပါဘူး.။ကိုယ့်ချစ်သူကို တန်ဖိုးထားသင့်ပါတယ်..။
မိန်းကလေးတွေဘက်ကလည်း ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူကမှ တန်ဖိုးမထားတော့ဘူးဆိုတာ သဘောပေါက်ထားပါ..။
၂. အကယ်၍ သင်ဟာ ချစ်သူကို စိတ်ဆိုးစေမယ့်အရာတစ်ခုခုကို လုပ်မိတယ်ဆိုရင် ချစ်သူ စိတ်ဆိုးပြေတဲ့အထိ ရှင်းပြပါ.. ဖြေရှင်းချက်ပေးပါ... ။ တစ်နေ့နေ့ နားလည်လာပါလိမ့်မယ် တကယ်ချစ်ရင် ခွင့်လွှတ်မှာပေါ့ဆိုတဲ့ ရူးကြောင်ကြောင် အတွေးမျိုးတွေကို ဖျောက်ဖျက်ထားပါ...
၃. ကိုယ့်ချစ်သူက မှားကြောင်းဝန်ခံပြီး ဖြေရှင်းချက်ပေးတာက အကျိုးအကြောင်းသင့်လျော်ရင် ခွင့်လွှတ်ပေးလိုက်ပါ.. တစ်ခုတော့ ရှိပါတယ် သစ္စာမရှိတဲ့ လုပ်ရပ်ဆိုရင်တော့ ပြန်စဉ်းစားလိုက်ပါတော့.....။
၎. သင်ဟာ သင့်ချစ်သူကို စိတ်ဆိုးခဲ့ပြီဆိုရင်လည်း သူ ဘာ့ကြောင့် ဒီလိုဖြစ်တယ်.. သူ့ကို ဘာကြောင့် စိတ်ဆိုးတယ်ဆိုတာကို ပြောပြပါ... သူက အကြားအမြင်ရနေတဲ့ လူတစ်ယောက်မဟုတ်သလို သင့်စိတ်ထဲကိုလည်း သူအကုန် ၀င်ကြည့်လို့ မရပါဘူး သင်မှ မပြောရင် သူမသိနိုင်ပါဘူး ..
၅. စိတ်ဆိုးလို့ ဖုန်းမကိုင်တာ အဆက်အသွယ် မလုပ်တာမျိုးတွေကို ရှောင်ပါ.. သူ့ဖြေရှင်းချက်ကို ဆုံးအောင်နားထောင်ပြီးမှ ဆုံးဖြတ်ပါ.. တစ်ခဏ အတွေးတိမ်ခြင်းဟာ ဘ၀တစ်ခုလုံး အတွက် နောင်တရစရာဖြစ်နိုင်လို့ပါ.
၆. ချစ်သူကို စိတ်ချမ်းသာအောင်ထားပါ။ သင့်ကြောင့် စိတ်ဆင်းရဲ စေမယ်ဆိုရင် ကြာရင် စိတ်ကုန်သွားပြီး နောက်ထပ် အသစ်ရှာသွားနိုင်လို့ပါပဲ..။စိတ်ချမ်းသာအောင်ဆိုတဲ့နေရာမှာလည်း သူ့နေရာနဲ့ သူ့အတိုင်းကို ဆိုလိုခြင်းဖြစ်ပါတယ်..။
၇. ချစ်သူအချင်းချင်း ကိုယ့်ဘက်က မှားတာရှိရင် တောင်းပန်ဖို့ ၀န်မလေးပါနဲ့..။မိန်းကလေးမို့ ယောက်ျားလေးကပဲ ချော့ရမယ်ဆိုပြီး မတောင်းပန်တာမျိုးကိုရှောင်ပါ...။ယောက်ျားလေးမို့သိက္ခာကျတယ်ဆိုပြီး မတောင်းပန်တာမျိုး မလုပ်မိပါစေနဲ့..။ချစ်သူတွေမှာ ကိုယ်နာတာ သူသာတာမရှိပါဘူး ..
၈. ဆွယ်တော်ရွက်လိုသဘောထားနိုင်ပါစေ...။၂လွှာပေါင်းမှ တရွက်ဆွယ်တော်ရွက်လိုပဲ ချစ်သူ၂နှစ်ကလည်း ၂ယောက်ပေါင်းမှ တစ်ဘ၀ဆိုတာ အမြဲသတိရနေပါ.။ စိတ်ညစ်စရာကအစ ပျော်စရာအဆုံး ဖွင့်ဟနိုင်အောင်လုပ်ပါ. မိသားစု အရေးက အစ နှစ်ဖက် ပွင့်ပွင့်လင်းလင်း ပြောပါ.. ဘာလို့လဲဆိုတော့ တစ်နေ့ဒီလူနှစ်ယောက်ပဲ တစ်သက်လုံးပေါင်းဖက်မှာ မို့လို့ပါပဲ..။ရှက်စရာမဟုတ်သလို သရော်လှောင်ပြောင်ရမယ့် ကိစ္စလည်း မဟုတ်ပါဘူး .။
၉. ရိုးသားပွင့်လင်းကြပါ..။တစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်မထားပါနဲ့..။အခု မသိလည်း နောင်သိမယ့် ကိစ္စတွေပဲဆိုတာ သတိရပါ...။
၁၀. စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ကိစ္စမှန်သမျှကို ရှင်းပါ.. ။ အခုရှုပ်မှ နောင်ရှင်းမည်ဖြစ်သည်..( အခုရှင်းမှ နောင်မရှုပ်မည်... :P )
မသိချင်ယောင်ဆောင်မနေပါနဲ့ .။ ရင်ထဲက အလုံးတွေများလာရင် တစ်ချိန်ချိန်မှာ အစုလိုက်အပုံလိုက်ပေါက်ကွဲထွက်ပြီးတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်စရာတွေ ဖြစ်လာပါလိမ့်မယ်.. ။ တစ်ခုကို တစ်ခု ဖြစ်ဖြစ်ချင်းရှင်းတတ်ကြပါစေ.....
၁၁. ကိုယ့်ရဲ့ ချစ်သူရည်းစားမှာ ယောက်ျားလေး သူငယ်ချင်း မိန်းကလေးသူငယ်ချင်းဆိုတာ အနည်းနဲ့ အများရှိမှာပဲလေ.. ချစ်သူကို ယုံကြည်တယ်ဆိုရင် သိပ်မချုပ်ချယ်ပါနဲ့.။ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ သစ္စာတရားကို အထင်မလွဲမိပါစေနဲ့..။ပညာရှိနည်းသုံးပြီး သူ့သူငယ်ချင်းအားလုံးကို ကိုယ်နဲ့ ခင်အောင်ပေါင်းထားပေါ့..။ သူ့အကြောင်းတောင် စုံစမ်းလို့ရသေး :P
၁၂. မိမိကိုယ်တိုင်လည်း သစ္စာရှိပါစေ.. ။ ချစ်သူက ဘယ်လောက်ပဲ သစ္စာရှိနေပါစေ..။ ကိုယ်က ရှုပ်နေခဲ့မယ်ဆိုရင် အဲ့လိုအချစ်မျိုးက ကြာကြာခံမယ် မထင်ပါနဲ့..။ မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ ကျန်တဲ့ချစ်သူတွေက အလကားပါလို့ ပြောတိုင်း မယုံမိပါစေနဲ့..။ ပါးစပ်ပါရင် စကားဆိုတာဖြစ်မှာပါ..။ကိုယ်တိုင်သစ္စာရှိမှ ချစ်သူက သစ္စာရှိနိုင်မယ်ဆိုတာ အမြဲတွေးထားပါ..။
၁၃. ကြားစကားများကို တတ်နိုင်သလောက်မယုံမိအောင်ကြိုးစားပါ..။ ပတ်ဝန်းကျင်ဆိုတာ လိုတဲ့လူတွေ ရှိသလို မလိုတဲ့လူတွေ မနာလိုတဲ့လူတွေဆိုတာကလည်း ရိုက်သတ်လို့ ကုန်မယ်မထင်ပါဘူး.။ ဒီတော့ ကိုယ်ကိုကိုယ် ချင့်ချိန် စဉ်းစားပြီးမှ ယုံပေါ့...။ မျက်စိနဲ့ တပ်အပ်မြင်တာမျိုးဖြစ်ဖြစ် သက်သေ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်တာမျိုးပဲဖြစ်ဖြစ် ကိုယ်တကယ် ကိုယ့်အပေါ်ကောင်းစေချင်တဲ့ လူမျိုးက ပြောမှ ယုံသင့်ပါတယ်..။ ကြားလေသွေးလို့ ဝေးသွားရတာမျိုးမဖြစ်စေရအောင် ကိုယ့်ဦးနှောက်နဲ့သေချာစဉ်းစားပြီး ယုံသင့်ပါတယ်.။
၁၄. နားလည်မှုရှိတတ်ကြပါစေ..။ချစ်သူတွေကြားမှာ အရေးကြီးဆုံး က နားလည်မှုပါပဲ..။ နားလည်မှုနဲ့ အရာရာကို တည်ဆောင်နိုင်လို့ပါပဲ။ ကိုယ့်ချစ်သူကို အချစ်စစ်နဲ့ချစ်တယ်ဆိုရင် နားလည်မှု တတ်နိုင်သလောက်ပေးပြီး အစစ အရာရာ အတွက် ညှိနှိုင်းဖြေရှင်းနိုင်ကြပါတယ်..။
၁၅. အကောင်းမြင်တတ်ပါစေ။ ကိုယ်က ချစ်နေတဲ့လူဆိုရင် ကိုယ့်ချစ်သူ ဘာပဲ လုပ်လုပ် ကောင်းတယ်လို့ ဖြစ်တတ်ကြတာသဘာဝ ပါပဲ..။ချစ်သူရဲ့ အပြုအမူတိုင်းဟာ ကိုယ့်အတွက် ချစ်ဖို့ကောင်းပြီး လုပ်သမျှ အကောင်းမြင်လို့ရနေရင် သေချာပါပြီ ကိုယ်ဟာ သူ့အပေါ်အကောင်းမြင်ဝါဒီစွဲ တစ်ယောက်ဖြစ်ခြင်းမသိဖြစ်နေပါပြီ..။
၁၆. ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီး အရာရာ အလေးအနက်ထားတတ်ပါစေ..။သင်ဟာ ယောက်ျားလေး ဖြစ်စေ မိန်းကလေးဖြစ်စေ သင့်ချစ်သူနဲ့ ပတ်သတ်တဲ့ အရာတိုင်းကို အလေးအနက်ထားပါ..။
ဥပမာ- ချစ်သူရဲ့ မွေးနေ့ ၊ အမှတ်တရ ရက်စွဲများ ၊ နှစ်ပတ်လည်များကို တတ်နိုင်သလောက် မမေ့ပါစေနဲ့..။ ချစ်သူရဲ့ အလေးအနက်ထားတတ်ခြင်းက ချစ်ခံရသူရဲ့ စိတ်ကို 90% လောက်အထိ အချစ်တွေ တိုးတက်လာစေပါတယ်..
အားလုံး ချစ်ရသူနဲ့ အဆင်ပြေပြီး ထာဝရ လက်တွဲသွားနိုင်ကြပါစေ...။
ချစ်သူတွေအတွက် Fancy Program
ချစ်သူတွေအတွက်ပါ။ဒီ Program ကိုထက်ပြီးဖြန်.ပေးလိုက်ပါတယ်။ကိုယ်ချစ်တဲ့သူကိုပဲ
လက်ဆောင်ပေးပေးပေါ့။ Downlaod လုပ်ပြီတဲ့အခါ Rar File ကိုဖြည့်ပေးရပါလိမ့်မယ်။ပြီးရင်
တော့ ကျလာတဲ့ File ကို Click နှိပ်လိုက်ပါ။အပေါ်ကပုံအတိုင်းမိမိရဲ.စက်ကိုမြင်ရပါလိမ့်မယ်။
Link:Download Now
ရွှေတိဂုံသမိုင်း
ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။
တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော် 
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ
                      (၃၂၆) ပေ 
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး
                       (ကမ္ဘာ့အံ့ဘွယ်)
အမည်ခေါ်တွင်ပုံ
ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။
သမိုင်းကြောင်း
သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ “ရာပဒတန်သတ်္တဟ” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။
ကုန်သည်ညီနောင်
ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။
ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
ပထမဆုံး သရဏဂုံတည်သူ
ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။
ဆံတော်ရှစ်ဆူ
ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။
နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။
ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး
ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌
၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
၎..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။
အမှတ်တရ စာစု - (ဗိုလ်ချုပ်အောင်ဆန်း အသံဖိုင်)
တစ်နေ့ စာအုပ်စင်များ၊ စာအုပ်သေတ္တာများကို ပြန်လည် ရှင်းလင်းရင်း လက်ကမ်းစာစောင်ကို သွားတွေ့လေသည်။
ထိုလက်ကမ်းစာစောင်လေးမှာ ကျွန်တော်တို့ငယ်စဉ် (၁၉၇၁)ခုနှစ် အာဇာနည်နေ့အထမ်းအမှတ် အဖြစ် အစိုးရမှ
ထုတ်ဝေသော လက်ကမ်းစာစောင်လေး ဖြစ်လေသည်။ ထိုလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိ
အကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ မိသားစုဓာတ်ပုံများနှင့်
ဆရာဇေယျ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့၏ ကဗျာများကိုသေသေသပ်သပ်၊ ခန့်ခန့်ညားညားဖြင့်
စိုက်နှိပ်ထားသည်။
ထိုလက်ကမ်းစာစောင်လေးတွင် ကျွန်တော်၏ စိတ်အားအဆွဲဆောင်နိုင်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်း၏လက်ရေး၊
လက်မှတ်တို့ကို ပြန်လည်ကူးယူဖော်ပြထားသော စာတိုလေးပင်ဖြစ်သည်။
ထိုစာတိုလေးမှာ---
“ကြည် ... ပဲပြုတ်နှင့် နံပြားရရင်စားချင်တယ်။ အောင်ဆန်း” ဟူ၍ ဖြစ်သည်။
ထိုစာလေးမှာ တိုတောင်း လှစွာ၏ သို့သော်စကားတွေ အများကြီးပြောနေသည်ဟု ကျွန်တော်ထင်ပါသည်။ ဇနီးသည်
၏ အမည်အား အဖျားဆွတ်၍ ခေါ်ဝေါ်လိုက် ပြီးနောက်--- သူတောင်းဆိုသော အစားအစာကိုလည်း ကြည့်ပါဦး--။
တကယ့်တန်ဖိုး ကြီးမာသော ဘိုဆန်သော အထက်တန်းကျသော အစားအစာများမဟုတ်ပါ၊ “ပဲပြုတ်နှင့်နံပြား” သာဖြစ်
ပါသည်။ အာသာဆန္ဒစားလို့ လှ၍ တောင်းဆိုထားပုံမှာ မိခင်ထံ သားငယ်က မ၀ံမရဲဖြစ် တောင်းဆိုထားသကဲသို့ ခံစားရ
ပြီးလျှင် ယင်းစာလေးကို ဖတ်၍ ဗိုလ်ချုပ်အောင်ဆန်းအပေါ်သနား ကရုဏာသက်မိသည်။ ၀င့်ဝါပလွှားခြင်း၊ တပ်မက်မှု
ပြင်းထန်းခြင်းကင်းသော ခြိုးခြံချွေတာသော ဗိုလ်ချုပ်အောင်ဆန်းအပေါ် လေးစားအထင်ကြီးသော စိတ်တို့သည်
ကျွန်တော်ရင်ဝယ် လှိုင်းတံပိုးနှယ် လှုပ်ရှားစိုက်ခတ်မိတော့သည်။
စာတိုလေးထဲမှာ “ရရင်” ဟူသော အသုံးအနှုန်းမှာလည်း အတင်းအကြပ်မဟုတ်၊ “မရနိုင်၊ မဖြစ်နိုင်၊ မစီမံနိုင်လျှင်
လည်းကိစ္စမရှိပါ” ဟူသော သဘော၊ စီစဉ်ပေးမည့် ဇနီးအားညှာတာလေသည့်၊ အားနာလေသည့်သဘောတို့ သက်ဝင်
နေသည်။ “နေရာတကာ၊ ငါဖြစ်ချင်တာ၊ ငါလိုချင်တာဖြစ်ရမယ်” ဟူ၍စေခိုင်း ခြင်းမဟုတ်၊ ညှိနှိုင်း၍ တောင်းဆိုတက်
သော စိတ်ထားကိုတွေ့ရသည်။
လူတစ်ယောက်ပြောသောစကား၊ ရေးသောစာမှ ထိုသူ၏စိတ်နေစိတ်ထားကို ယေဘုယျသိနိုင်ပါသည်။
ယခု ကျွန်တော်တင်ပြသော ဗိုလ်ချုပ်အောင်ဆန်း၏ စာလေးကို ဖတ်ကြည့်ခြင်းဖြင့် အာဇာနည် ယောကျာ်းကောင်း
ယောကျာ်းမြတ် တစ်ယောက် စိတ်ဓါတ်ကို ဘက်စုံထောင်စုံမှဆင်ခြင်စဉ်စား သိရှိနိုင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော အဖိုးတန်သောယောကျာ်းကောင်းယောကျာ်းမြတ်များ ကျွန်တော်တို့နိုင်ငံတွင် အမြောက်
အများ အပေါ်ပေါက်စေချင်ပါသည်။
“ငါတို့ဗမာပြည်ဝယ် အမိအဖတိုင်းက ကွယ်ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်--” ဟူသော အဆိုတော်
ဦးမြကြီး၏ သီချင်းစာသားလေးကို သတိရမိပါသည်။ “ဗိုလ်အောင်ဆန်း” ကဲ့သို့သော တိုင်းပြည်နှင့် လူမျိုးအပေါ်အသက်
ပေး၍ ချစ်မြတ်နိုင်းသော သူရဲကောင်များ ပေါ်ပေါက်လာစေ ရန်မှာ မိဘများတွင်သာမဟုတ်ပါ။ ဆရာ ဆရာမများ
အားလုံးတွင်လည်း တာဝန်ရှိပါသည် ဟု ကျွန်တော်တွေးတောဆင်ခြင်နေမိပါသည်။
ဩော်----ကျွန်တော်တို့အားလုံး၏ ကျေးဇူးရှင် “ဗိုလ်ချုပ်အောင်ဆန်း” သည် သူစားလိုသော ပဲပြုတ်နှင့်နံပြားကိုပင်
နေ့စဉ်မှန်မှန်စားမှ စားသွားရပါလေစ ----။
ဦးမြင့်ငွေ(မော်ကျွန်း)
အတွဲ(၁)၊ အမှတ်(၄၀)
**************************************
ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့
တလွဲဆံပင်ကောင်းနေတယ် ဆိုတာနဲ့ အတူတူပဲ။
ဗမာတွေ စိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်၊
တကယ့်နေရာတွေကျတော့ အသုံးမကျဘူး၊
ဗမာပြည်လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။
ဗမာ-ဗမာချင်း ချဖို့မှာ လုပ်ချင်ကြတယ်၊ အဲ့ဒါမျိုးတွေလုပ်ချင်တယ်။
အဲ့ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး၊ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး၊
ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး၊
လွတ်လပ်ရင်လဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။
ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူ့အစည်းအဝေးကြီး
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ မြို့တော်ခန်းမ
*************************************
“လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်၊ အဲ့ဒါက ကိုယ်ကျင့်တရားရယ်၊
အမှန်တရားကိုမြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။
ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်းပြောရမယ်၊ ပြောဝံ့တဲ့ သတ္တိလဲရှိရမယ်။”
ဗိုလ်ချုပ်အောင်ဆန်း
****************************************
ဗိုလ်ချုပ် အောင်ဆန်း
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ မြို့တော်ခန်းမ မှ
ဗိုလ်ချုပ်အောင်ဆန်း ပြည်သူလူထုကို မိန့်ခွန်းပြောသွားတဲ့ အသံဖိုင်လေးပါ။
အွန်လိုင်းမှာသင်/ဖြေပြီး ဒီပလိုမာတွေရယူနိုင်တဲ့နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ
တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။
သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။
အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။
ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။
Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညာသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
--
➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1
➤ Udacity / Free interactive College Cla****
✤ Link: http://is.gd/xiFMtf
➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4
➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa
➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ
➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP
➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O
➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz
➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM
➤ Open University LearningSpace
✤ Link: http://is.gd/84CXnA
➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj
➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me
➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb
➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth
➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh
➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t
➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5
➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory
➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk
➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg
➤ LearningScience.org
✤ Link: http://is.gd/te9NqS
➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B
➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5
➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55
➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO
For more - http://is.gd/y7F**g
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/03/blog-post_8.html
 တွင်ဖော်ပြချက်အား တဆင့်မျှဝေပါသည်။
နိုင်ငံတော် သီချင်း လိုချင်သူများအတွက်
myanmar flage
ကမ္ဘာမကျေ သီချင်း
Download
တီလုံးသက်သက်
Download
သီချင်းစာသား
myanmar nationality song
Credit – May11
www.myanmarmp3album.com
Download မရဘူးဆိုလို့ Viedo တင်ပေးထားပါတယ်ဗျာ
Mp3- ကို ကျနော် ပြန်တင်ပေးပါ့မယ်
နှစ်သစ်ကူးအမှာစကားလေး
2012 ကုန်လို့ 2013 ကိုရောက်တော့မယ်ပေါ့ ကဲမြန်မာပြည်သူပြည်သားတွေနဲ့အတူ
ပျော်စရာနှစ်သစ်လေးကိုအတူကူးပြောင်းလိုက်ရအောင်လားဗျာ ဒီရက်ပိုင်းအတွင်း
ကျွန်တော်ပိုစ့်တွေမတင်နိုင်ခဲ့ဘူးတစ်ချို့သောသူငယ်ချင်းတွေကမေးတယ်
ကိုချင်မောင်စိုးနေမကောင်းလို့လားတဲ့ဟုတ်ပါတယ်ကျွန်တော်နေမကောင်းအတော်လေး
ဖြစ်သွားသေးတယ်ရက်အနည်းငယ်ကြာတော့သက်သာလာတယ်အခုတော့အတော်ကို
သက်သာလို့ နေပါတယ် အထူးသဖြင့်ကျွန်တော်နေမကောင်းတဲ့အချိန်တွေမှာ
အားပေးစကားပြောခဲ့တဲ့ကျွန်တော်ရဲ့ သူငယ်ချင်းတွေ၊ အထူးသဖြင့်ကျွန်တော့်ရဲ့ 
သူငယ်ချင်း ဖိုးအေးကိုအထူးတောင်းပန်ချင်ပါတယ်ကော့သောင်းကကောင်မလေးတစ်ယောက်
သူကတော့စိုးရိမ်နေသူပေါ့ဖုန်းလည်းဆက်တယ်  အားလုံးသောသူငယ်ချင်းတွေကတော့
ကျွန်တော့်ကိုနေကောင်းပါစေတဲ့ အခုတော့နေကောင်းလို့  တရားတွေတောင်လိုက်နာ နေတယ်
တရားပွဲတွေကတော့ကျွန်တော်တို့ ဆီမှာဆက်တိုက်လိုဖြစ်နေတယ်ဒါနဲ့ စိတ်ကူးလေးတစ်ခုရလိုက်တယ်
တရားပွဲတွေမှာ လုပ်အားပေးဝင်လုပ်တယ်နိုင်တဲ့နေရာလေးတွေကနေပေါ့ ၊ တစ်ခုပြောချင်တယ်ဗျ
အဲလိုတရားတွေနာရတော့တစ်ခါမှမသိရသေးတဲ့အကြောင်းတွေသိလာရသလို
တစ်ခါမှမဖြစ်ဖူးသေးတဲ့ခံစားချက်တွေဖြစ်လာတာပေါ့၊ ဒါကြောင့်ဘုရားရိပ်၊တရားရိပ်။ပြီးလျှင်
မိဘအရိပ်ဟာအအေးမြဆုံးတဲ့ မှန်ပါတယ်တအားမှန်ပါတယ် လောကဒီကမ္ဘာမှာအသက်ရှင်ဖို့ 
ဘယ်လောက်ကျန်သေးလဲလို့ တွေးနေမဲ့အစားမသေခင်ကို့ နောက်ပါတာလေးတွေကို
ရနိုင်သလောက်တော့ယူမယ်လို့ ဆုံးဖြတ်မိပါတယ် ဒါကြောင့် တရားပွဲတွေမှာ
စေတနာလုပ်အားပေးဝင်လုပ်ခဲ့တယ် ဒါကြောင့်မို့ ကျွန်တော်ဘာပိုစ့်မှကိုမတင်ဖြစ်ခဲ့တာပါ
လာမဲ့တစ်လပိုင်းကျရင်တော့ပုံမှန်ပြန်ရေးပါမယ်၊ ကျွန်တော်ဟာဒီနည်းပညာကိုဘဲ
တစ်စိုက်မတ်မတ်ရေးဖို့ ဆုံးဖြတ်ထားခဲ့ပါတယ် ဘာကြောင့်လည်းဆိုတော့ ပညာအလှု
ဆိုလည်းမမှားသလိုအားလုံးအတွက်အကျိုးရှိတာမို့ ဆက်လုပ်ဖို့ တော့ဆုံးဖြတ်ထားပါတယ်
တစ်လလောက်နားလိုက်တာမို့ လိုအပ်ချက်တွေရှိနေခဲ့မယ်မကူညီနိုင်တာတွေရှိနေမယ်ဆိုရင်တော့
ကျွန်တော်ကနေဘဲအထူးတောင်းပန်ပါတယ်၊ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့
အမှန်တွေကိုမြင်လာနေလို့ ပါဘဲ ဒါကြောင့်နောက်ပိုင်းအထူးဂရုစိုက်လုပ်ဖို့ လည်း၇ှိပါတယ်
လောကအလယ်အသက်ရှင်သန်နေထိုင်ရတာအတော်မလွယ်တာမို့ နေထိုင်ခွင့်ရတဲ့
ယခုအချိန်လေးတွင်းမှာ ကောင်းတာလေးတွေလုပ်ရင်းဘ၀ကိုရိုးစင်းစွာဖြတ်သန်းရင်း
သံသရာဆိုတဲ့ခရီးထဲကောင်းစွာလည်ပတ်ဖို့ ဒါန၊သီလ၊ဘာဝနာ လေးတွေကိုပွားများကြပါလို့ 
အားလုံးအတွက်ဒီနေရာလေးကနေ ဒီစကားလေးကိုပြောရင်း 2013 ကိုအတူပျော်ရွှင်စွာ
သွားကြပါစို့ လားဗျာ..............
" ဒီနေ့ မတ်တပ်တော့ရပ်နေတာဘဲကီးဘုတ်နဲ့ မောက်စ်လည်းကိုင်နေသေးတာဘဲ
   မသေချာတဲ့မနက်ဖြန်အတွက်ဘာတွေပြင်ဆင်ထားရမှာလဲ  ဒီနေ့ ရသလောက်ကုသိုလ်ယူပါ
နိုင်သလောက်လှုပါ ကောင်းတဲ့စိတ်ကလေးထားပါ အားရင်ဂုဏ်တော်လေးပွားလို့ 
သေခြင်းတရားအကြောင်းလေးတွေးကြည့်လိုက်တယ် ပူခက်နဲ့ ဝေးလာတာ 29 တောင်
ရှိနေပြီဘဲ ငါသေဖို့ နီးလာတာဘဲ..............................."
ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား
ကိုယ်ဘယ်နေ့  သေမလဲ ဆိုပြီးတွက်ကြည်ချင်တော့ ဒီနေရာကနေ နှိပ်ပြီးသွားပါ။မှန်မမှန်တော့
မသိဘူး။အပျော်ပေါ့.......ဟဲဟဲ တစ်မျိုးတော့မထင်နဲ့ နော်..........
မိန်းကလေးများ မှားတတ်သော အမှားများ
အမှားဆိုတာ လူတိုင်းနီးပါး မှားတတ်ပါတယ် ဒါပေမဲ့ မိန်းကလေးများ မှားတတ်သော အမှားများလို့
စာရေးသူက ဘာလို့ခေါင်းစဉ်ပေးသလည်း ဆိုရင် မိန်းကလေးတွေကို အမှားကင်းတဲ့ဘ၀မှာ အခြေ
မြင့်တဲ့ တော်ဝင်ပန်းလေးတွေဖြစ်စေချင်တဲ့ စေတနာ မေတ္တာ တရားကြောင့် ပါ ။
လူတွေဟာ အမှားတွေကို တခုပြီးတခု ကျူးလွန်တတ်ပါတယ် ။ လူမူ့ရေး ၊ စီးပွားရေး ၊ အချစ်
ရေး ၊ အိမ်ထောင်ရေး ၊ မိသားစုရေး ၊ မိတ်ဆွေသူငယ်ချင်း အားလုံးဟာ တခု မဟုတ်တခု မှားယွင်းမူ့
တွေနဲ့ အမှားတွေကို လွန်ကျူး နေကြပါတယ် ။ ဒါဟာဘာကြောင့်လည်းဆိုရင် မကောင်းတဲ့စေတသိတ်
ဆိုးတွေကြောင့် ပါ ။ ဒီအထဲမှာ မှ မိမိကိုယ့်ကို ဆန်းစစ်တတ်တဲ့ ပညာအခံကလည်းအလွန်နည်းပါးနေ
ကြတဲ့အတွက် အမှားတွေကို မှားမှန်းသိနေပေမဲ့ ထပ်ခါထပ်ခါ မှားနေကြတာဟာ သိပ်ကိုဆိုးရွားလွန်း
ပါတယ် ။လူ့ဘောင်လူ့လောက မှာ အမှားမကင်းကြပါဘူး ။ တခါမှားဘူးသွားပြီဆိုရင် အဲဒီအမှားကနေ
သင်ခန်းစာ ယူတတ်ကြမယ် ဆင်ခြင်နိုင်စွမ်းရှိရပါ့မယ် ။လူ့တွေရဲ့ အလိုလောဘ ဒေါသ မောဟ တရား
ဆိုးတွေကြောင့် အမှားတွေဟာ ဆင့်ကဲဆင့်ကဲဖြစ်ပေါ်နေတတ်ပါတယ် ။ ကိုယ်တခုခုကို အမှားလုပ်မိပြီ
ဆိုတာနဲ့ အဲဒီအမှား ရဲ့မြစ်ဖျားခံရာ အခြင်းကြောင်းရာကို လေ့လာပါ ဆန်းစစ်ပါ တွေးခေါ်မြော်မြင်ပါ။
သုံးသပ်ပါ ပြင်ဆင်ပါ ။ အမှားတခုကို မှားနေတယ်လို့ခံစားမိလိုက်သိရှိလိုက်တဲ့သူ ပြုပြင်နိုင်တဲ့သူဟာ
သူတော်ကောင်းအလုပ်တခုကို လုပ်လိုက်တာပါ ပဲ။
ဒီမှာစာရေးသူပြောချင်တာက မိန်းကလေးတွေ အပျိုလေးတွေ အိမ်ထောင်သည်တွေ ဟာ
ဘ၀ရဲ့အကြောင်းအမျိုးမျိုးကြောင့် အမှားတွေကို လွန်ကျူးနေကြတယ် ။ တချို့ကတော့မိမိရဲ့ အမှား
ကိုသိတယ် တချို့ကတော့ မိမိကိုယ်မိမိ မှားနေမှန်းကို မသိပဲ တခုပြီးတခု လွန်ကျူးနေမိကြတယ် ။
အမှားတခုကို မှားနေပြီဆိုတာနဲ့ ရပ်တန်းကချက်ခြင်း ရပ်ပြစ်လိုက်ပါ မရပ်နိုင်သေးဘူးဆိုရင်တောင်
မိမိလုပ်နေတဲ့ အမှားကိုသိပြီဆိုတာနဲ့ မိမိဘာကြောင့် ဒီအမှားကိုလွန်ကျူးမိနေလည်း ဆိုတာ စဉ်းစား
တွေးခေါ်ပါ ၊ ကောက်ချက်ချပါ ၊ ဝေဖန်မူ့ပြုပါ ။ ဒီလိုအချိန်မီ မပြုပြင်နိုင်ဘူးဆိုရင် လောကအလို
မိမိလုပ်လိုက်တဲ့ အမှားတခုကြောင့် သူများရဲ့ပြစ်တင်ခြင်း ဝေဖန်ခြင်း ကဲ့ရဲ့ရူပ်ချခြင်း တွေကိုလက်
တွေ့ရင်ဆိုင်တွေ့ကြုံခံစားရပါလိမ့်မယ် ။
မိန်းကလေးတွေက ဘာတွေ မှားတတ်လည်း ? ..............အရွယ်ရောက်လာတဲ့မိန်းကလေး
များဟာ ......... ချစ်သူသမီးရည်းစားကို အလိုလိုက်ချင်
တဲ့ဆန္ဒ ၊ လူမမြင်ကွယ်ရာမှာ ချိန်းတွေ့ချင်တတ်တဲ့အာသီသ ၊ လိုအပ်တာထက်ပိုပြီး ယောက်ျားတွေ
အပေါ်ကို စွဲလမ်းစေချင်တဲ့ ချွဲပြစ်တဲ့မာယာ တွေ အသွေးအသားဆန္ဒ အာသီသကို မလိုအပ်ပဲပေး
ဆပ်နေချင်တဲ့ စိတ် မိမိမှ မိမိ ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်လွန်းချင်တဲ့တပ်မက်မူ့တွေကြောင့်
လောကမှာ အမှားတွေကို ထပ်ခါထပ်ခါ လုပ်နေစေမိတာ အမှန် ပါ ။ တမိသားနဲ့ တမိသား လူသား
တွေ အသွေးအသားနဲ့တည်ဆောက်ထားတဲ့ ခံစားတတ်တဲ့ နှလုံးသားကိုမြစ်ဖျားခံလို့ ခွဲဖြာထွက်လာ
တဲ့ လူသားစင်စစ်ဖြစ်တာကြောင့် ချစ်ခြင်းတရားဆိုတာ မွေးဖွားသန့်စင်လာတာပါ ။ တမိသားနဲ့တမိ
သား ကို မချစ်ရဘူးမကြိုက်ရဘူးလို့ မဆိုလိုပါဘူး လူသားတိုင်း လွတ်လပ်သူတိုင်း ချစ်နိုင်ကြိုက်နိုင်ကြ
ပါတယ် ၊ ဒါပေမဲ့လူးသားတွေကချမှတ်ပေးထားတဲ့ လူ့စည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုင်နာထိန်း
သိမ်းကြရပါမယ် ၊ ဟိရိဆိုတဲ့ အရှက်တရားကနေကင်းမဲ့သွားအောင်ထိတော့ ချစ်ဖို့မကောင်းဘူးဆို
တာ မိန်းကလေးတိုင်းရင်မှာ သံမိုနက်သလိုစွဲမြဲထားရပါ့မယ် ၊။
မိန်းကလေးတွေဟာ အယုံလွယ်တယ် နူးညံ့သိပ်မွေ့တယ် သာယာမူ့ကိုတပ်မက်လွန်းတယ် ။
ပေးဆပ်ခြင်းကို ၀ါသနာထုံလွန်းလှပါတယ် ၊ ဒါတွေကြောင့် လိမ်လို့အကောင်းဆုံးနဲ့ အလိမ်ခံရဆုံးက
မိန်းမသားတွေကြီးဖြစ်တည်နေတာပါ ၊သားကောင်ကို ကောင်းကောင်းချောင်းမြောင်းနေတတ်တဲ့
မုဆိုးတွေရဲ့ ပြစ်မှတ် အမှားစုဟာ မိန်မသားတွေကြီး ဖြစ်နေတာပါ ၊။
နောက်ထပ် မိန်းကလေး အများစု မှားနေတတ်တဲ့ အမှား .................အိမ်ထောင်သည်
ကာမပိုင်ရှိနေတဲ့ယောက်ျားတွေကို ချစ်ကြိုက်မိတာလည်း မဟာ အမှားကြီးတခု ပါ ။ အချစ်စိတ်က
ဘာမဆိုလုပ်ရဲတယ်ဆိုပေမဲ့ မိမိရဲ့ အသိဥာဏ်တွေပျောက်ဆုံးကုန်သည်ထိတော့ ချစ်ဖို့မကောင်းဘူး
ဆိုတာလောက်တော့ သိထားသင့်လှပါတယ် ။ ဒီလို ပိုင်ရှင်ရှိပြီးသားယောက်ျားတစ်ယောက်ကိုချစ်
လိုက်မိတာနဲ့တင် မိန်းကလေးတစ်ယောက်ဟာ အကြီးမားဆုံး ဆုံးရူံးမူ့ကို မိမိဘ၀မှာ စတင်လိုက်ခြင်း
နဲ့ မိမိရဲ့တိုးတတ်နေမဲ့လမ်းစဉ်ကို အဆုံးသက်လိုက်ခြင်းဆိုတာ အချိန်မီကြိုတင် စဉ်းစားသိရှိနားလည်
သင့်တယ် ။ အရူံးဆိုတာ အဲဒီယောက်ျားကပေးလိုက်တာ မဟုတ်ပါဘူး အဲဒီလိုယောက်ျားတစ်ယောက်ကို
ချစ်မိတဲ့လက်ခံမိတဲ့ မှားနေမှန်းသိရဲ့သားနဲ့ နောက်မဆုတ်ပဲ ကောင်းနိုးထင်ပြီး သာယာလိုက်တဲ့
မိမိရဲ့ စိတ်ဆိုးစိတ်ယုတ်မာကြောင့်ပါ ။ ဒီလိုစိတ်ဆိုးစိတ်ယုတ်တွေကိုအကောင်းဆုံးတွန်းလှန်နိုင်ဖို့
အမှားဆိုတာကိုသိ နိုင်ဖို့ မိမိကိုယ်တိုင်စဉ်းစားရမယ် ။ တွေးခေါ်ရမယ် ၊ ဒီလိုမှ မလုပ်နိုင်ပဲ ရှေ့ဆက်
မယ်ဆိုရင် ဘ၀တခုကိုမတည်ဆောက်နိုင်ခင်မှာပဲ မိမိဟာ အကြီးမားဆုံးကျဆုံးသူဖြစ်သွားလိမ့်မယ် ။
မိန်းကလေးတယောက်ဟာ စွန်းထင်းမူ့တွေ ရှိကောင်းရှိနိုင်ပါတယ် ဒါပေမဲ့ အဲဒီစွန်းထင်း
မူ့ဟာ ကာမပိုင်ရှိနေတဲ့ ယောက်ျားတစ်ယောက်ကိုချစ်လိုက်မိတာလောက်တော့ မဆိုးရွားစေပါဘူး ။
ဘာဖြစ်လို့လည်းဆိုရင် ကျွန်မတို့မိန်းမသားတွေဟာ ကာမပိုင် မရှိမခြင်း ရွေးချယ်ပိုင်ခွင့် အများကြီးရှိ
နေလို့ပါပဲ ။ တကယ်လို့သာ မိန်းကလေးတစ်ယောက်ဟာ ပိုင်ရှင်ရှိပြီးသားယောက်ျားတစ်ယောက်ကို
စွဲစွဲလမ်းလမ်း ချစ်နေမိတယ်ဆိုရင် ဘ၀မှာနောက်ထပ် ပြုပြင်လို့မရတဲ့ အမှားကိုလက်ခံစေမှာမလွဲ
မသွေပါပဲ ။ မိမိဘ၀မှာ ဒီလို အမှားများကြုံတွေ့နေရပြီဆိုရင် ပြန်လည်သုံသပ်ဆင်ခြင် ခြင်း အမူ့ကို
မြန်မြန်ဆန်ဆန် လုပ်ကြည့်လိုက်ပါ ။ ကျွန်မတို့တစ်တွေဟာ ပေတရာလမ်းမထက်မှာ ကျောက်တုံး
ကျောက်ခဲလေးတွေနဲ့ မကြာခဏ တိုက်မိတတ်သလိုပါပဲ ခဏတာ အချိန်လေးအတွင်းမှာတော့ နာကျင်
ခြင်းဝေဒနာကို ခံစားစေမှာပါ ။ အချိန်ကာလတခုအတွင်းမှာပဲ အဲဒီနာကျင်ခြင်း ဟာပျောက်ကင်းသွားမှာ
ပါ ။ ရဲရဲ စွန့် ပြစ်နိုင်ခြင်းကသာ မိမိဘ၀အတွက် အကောင်းဆုံး ဖြတ်သန်းမူ့ ခရီးစဉ်တခုကို အောင်မြင်
အောင်လျောက်လှမ်းနိုင်ပါလိမ့်မယ် ။
မိန်းကလေးငယ်ငယ်လေးများကကော ဘာတွေမှားတတ်သလည်းဆိုရင်...............အချိန်
အရွယ်မရောက်မီ ရည်းစားချစ်သူထားချင်တတ်တဲ့စိတ် တွေက အမှားတွေဆီကိုတွန်းပို့နေတတ်ပါတယ်
ဒါကြောင့် မိန်းကလေးးတစ်ယောက်ဟာ ပညာတတ်သည်ဖြစ်မတတ်သည်ဖြစ်စေ အရွယ်ရောက်မလာ
ခင်ထဲ့ တင်ကြို တွေးခေါ်မူ့တွေထားရှိတတ်ရပါ့မယ် ။ မိမိအသက်အရွယ် အပိုင်းအခြားတွေမှာ မိမိ
ကိုယ့်တိုင် လုပ်ချင်တဲ့ အလုပ်အကြံအစည်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် ။
ရည်ရွယ်ရာပန်းတိုင်လည်း မရှိပဲ ဘ၀ကိုဖြစ်သလို ဖြတ်သန်းနေကြမယ်ဆိုရင် အချိန်မတိုင်မီမှာပဲ ကျဆုံး
ခြင်းဆိုတဲ့လမ်းမထက်ကို AUTOေ၇ာက်ရှိသွားမှာပါ ။
ဒါဆိုရင် အိမ်ထောင်ရှင်မိန်းကလေးများကကော ဘာတွေမှားတတ်ကြသလည်းဆိုရင်
..................အိမ်ထောင်ရှင်မိန်းကလေး အများစုဟာ အပျော်အပါးဘက်မှာပဲသာယာတတ်တာများ
`လာပြီဆိုရင် အဲဒီမိန်းကလေးဟာ ကြီး မားတဲ့ အမှားတွေကိုလုပ်ဖို့ဝန်မလေးတတ်ကြတော့ပါဘူး ။
အိမ်ထောင်ရှင် မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်မရှိသူ မိန်းကလေးတစ်ယောက်ထက်စောင့်
ထိန်းရမဲ့တာဝန်တွေက များလှပါတယ် ။ အနေအထိုင် အစားအသောက် ခင်ပွန်းအပေါ် ရိုသေလေးစား
မူ့ ၀တ်စားဆင်ယင်တတ်မူ့ သားရေးသမီးတွေနဲ့ လက်မလည်အောင်ကို များပြားလွန်းတယ် လေ ။
ဒီတာဝန်တွေဟာ အိမ်ထောင်မပြုခင်ထဲက သိရှိထားရမယ် မလွဲမသွေကြုံတွေ့ရမယ်ဆိုတာ သိထားသင့်
တဲ့ အချက်များပါ ။မိမိကိုယ်တိုင် ရွေးချယ်ခဲ့လမ်းကြောင်းတခုဟာဖြောင့်တန်းချင်မှတန်းပါမယ် ။
မဖြောင့်တန်းခဲ့ဘူးဆိုရင်လည်း စိတ်ပျက်အားလျော့စရာ မလိုပါဘူး မိမိကိုယ်တိုင် ဒီအိမ်ထောင်တခုကို
ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလည်းဆိုတဲ့ တွေးခေါ်မူ့ကိုပဲစဉ်းစားဆုံးဖြတ်ပါ ဘေးကိုရောက်မသွား
စေပါနဲ့ ငွေမရှိလို့သာ မိန်းကလေးတွေပျက်စီးကြေးဆိုရင် ကမ္ဘာပေါ် မှာ ငွေရှိတဲ့ မိန်းမကဘယ်နှစ်
ယောက်လောက် များ ရှိမလည်းလေ ။ဒါဆိုရင် ကမ္ဘာကြီး မှာ မိန်းမပျက်တွေကြီးဖြစ်နေမယ်ပေါ့ ။
အိမ်ထောင်ရှင် မိန်းကလေးတစ်ယောက်ဖြစ်လာပြီဆိုရင် လက်တွေ့ဘ၀နဲ့ ကိုယ့်ဖြတ်သန်း
လာခဲ့တဲ့ ဘ၀ဟာထပ်တူကျချင်မှကျမယ်လေ ။ ဒါပေမဲ့ ဒီလမ်းကိုထွင်ခဲ့ဖောက်ခဲ့တာက မိမိတို့ကိုယ်
တိုင်ပဲလေ ။ ကိုယ့်ဖောက်တဲ့လမ်းကို ကိုယ့်ကိုတိုင်က လိုလိုချင်ချင်မလျောက်ချင်တော့ဘူးဆိုရင်တော့
သဘာဝမကျလှပေဘူးလေ ။ ဘယ်လိုအခတ်အခဲတွေနဲ့ပဲ ကြုံတွေ့နေပါစေ ဖြတ်သန်းနိုင်တဲ့ ဥာဏ်
ခံနိုင်တတ်တဲ့စိတ်ဓာတ်ခွန်အားကို မဖြစ်မနေမွေးမြူထားရပါ့မယ် ။ စိတ်ပျက်အားငယ်နေလို့ အပျော်
အပါးဘတ်ကိုသွားရောက်စမ်းသပ်ရာကနေ မလိုလားအပ်တဲ့ အမှားတွေကို မကျူးလွန်မိပါစေနဲ့။
ဆန္ဒ နဲ့ ဘ၀ ဟာ ထပ်တူကျဖို့ အတော် ရှားလှပါတယ် ။ ဒီလိုသာ ဘ၀နဲ့ ဆန္ဒ ထပ်တူမကျလို့ ဖြစ်သ
လို လုပ်နေကြေးဆိုရင် မိန်းကလေးအများစုဟာ ကောင်းတဲ့သူဆိုတာ ရှိလာနိုင်တော့မှာ မဟုတ်တော့
လက်တွေ့ မိမိလုပ်နေတဲ့လုပ်ရပ်တခုကို ပြန်လည်သုံးသပ်ပေးပါ မှားနေလား မှန်နေလားဆိုတာ
ဒီလို ကျင့်သုံးမယ်ဆိုရင် မိမိဘ၀ကို မိမိ အသေအချာမြင်လာပါလိမ့်မယ် ။ ဘယ်သူကြောင့်ပဲ မှားမှား
အဲဒီအမှားကို မိမိကိုယ့်တိုင်က လက်ခံကျင့်သုံးနေလို့ ဒီအမှားတွေဖြစ်ပေါ်နေတာပါ ။ မြင်လာသိလာ
တာနဲ့ တပြိုင်နက် ဆင်ခြင်စဉ်းစားတွေးခေါ်ပါ ။ အမှားကနေလွတ်မြောက်အောင် ချက်ခြင်း လက်ငင်း
ကြိုးစားပါ ။ လက်တွေ့သာယာချမ်းမြေ့တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်စေပါလိမ့်မယ် ။
လူမူ့ရေး စီးပွားရေး အိမ်ထောင်ရေး အချစ်ရေး ဆိုဒ်ဆုံ မှာ အမှားတွေထပ်နေကြပေမဲ့
ဘ၀တစ်ခုလုံးနဲ့ ရင်းနီးတည်ထောင်ထားတဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေး ဆိုဒ်မှာတော့ အမှားတွေ
ဖြစ်တည်နေကြမယ်ဆိုရင် မိန်းကလေး များဘ၀ ဟာ သောကပွေလီ ပရိဒေ၀ မီးများ အစဉ်တောက်
လောင် ခံစားနေရ မှာ အသေအချာပါ ။ မငြိမ်းချမ်းနိုင်သော ပျော်ရွင်ခြင်းကင်းမဲ့သော ကဲ့ရဲ့ဖွယ်များနဲ့
သာ ပြည့်နှက်နေပါလိမ့်မယ် ။ ဒါကြောင့် မိန်းကလေးတိုင်း အမှားကင်းသော ထက်မြက်ကျန်းမာသော
သာယာချမ်းမြေ့ခြင်း များနဲ့ပြည့်စုံသော ဘ၀တခုကို ပိုင်ဆိုင် ချင်တယ်ဆိုရင်ဖြင့် လောကသဘာဝ
မှားတတ်တဲ့ အမှားတွေကနေ ကင်းလွတ်တဲ့ မိန်းကလေး များဖြစ်အောင် မိမိကိုယ်ကို မိမိစောင့်
ရှောက်ထိန်းသိမ်းကာကွယ်ပါ ။
အမှားတခုကို မိန်းကလေးတစ်ယောက်ပြုမူနေမိဆိုရင် အဲဒီအမှားကို ချက်ခြင်းရပ်တန့်လိုက်
ပါ ။ ပြင်ဆင်ပါ ။ အချိန်ကာလတခုပေး ပါ ။ မိမိကြုံတွေ့နေတဲ့ အမှားတစ်ခုကြောင့် နာကျင်ခံစားနေရ
မှာတော့ မလွဲပါဘူး ၊သို့သော်ညားလည်း အမှားကို အမှားမှန်းသိလိုက်လို့
ချက်ခြင်းရပ်တန့်လိုက်တာနဲ့ မိမိမှာသာယာချမ်းမြေ့ခြင်းဆိုတာ လက်ငင်းခံစားရစေမှာလည်း
မလွဲမသွေပါတည်း ။ အမှားကင်းတဲ့ဘ၀တခုနဲ့ထပ်တူမကျပေမဲ့ အမှားမရှိသောမိန်းမတိုင်းဘ၀ကိုပိုင်
စိုးနိုင်သော တော်ဝင်မြင့်မြတ်သော မှန်ကန်ဖြောင့်မတ်သော မိန်းမ များ ဆီသို့ ဦးတည်နိုင်ပါစေ ။။။။။။
******* မေတ္တာဖြင့်.....တော်ဝင်နှင်းဆီ
မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ
၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....
၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...
၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...
၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...
၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...
-------------===-------------
ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...
Saturday, July 20, 2013
ချစ်သူတို့အတွက် အဟာရ ( ချစ်သူတွေ သိသင့် သိထိုက်တာများ ..)
လောကမှာ လူရယ်လို့ဖြစ်လာရင် ဘယ်သူမှအချစ်နဲ့ မကင်းနိုင်ကြပါဘူး ၊ အားလုံးအချစ်နဲ့ကြုံဖူးကြတဲ့လူတွေချည်းပါဘဲ ၊ အသက် ၁၅ နှစ် ၊ ၁၆ နှစ် အရွယ်က စပြီး လူငယ်တွေ အချစ်ကို ရှာဖွေစူးစမ်းလာကြတယ် ၊ ၁၅ နှစ် ၊ ၁၆ နှစ်မှာဘဲ ရည်းစား ထားတတ်လာကြတယ် ၊ မြန်မာစကားပုံတစ်ခုရှိပါတယ် ( ရည်းစားဦး နဲ့ လွဲတက်တယ် ) ၊ ဒီစကားဟာ မှန်သလား ၊ ကျွန်တော့်အမြင်နဲ့ပြောရမယ်ဆိုရင်တော့ မှန်ပါတယ် ဒါပေမဲ့ ရာနှုန်းပြည့်တော့မဟုတ်ပါဘူး ၊ လူတွေရဲ့ ၁၅ နှစ် ၊ ၁၆ နှစ် အရွယ်ဆိုတာ မရင့်ကျတ်သေးတဲ့ အရွယ် ၊ စိတ်ကစားတတ်တဲ့အရွယ်တွေ ပါ ၊ ဒီအချိန်မှာ ဖြစ်လာတဲ့ ရင်ခုန်မှု ၊ ခံစားမှု ၊ တိုက်ဆိုင်မှုလေးတစ်ခုကို အချစ်လို့သတ်မှတ်လိုက်ကြတယ် ၊ လက်ခံလိုက်ကြတယ် ၊ ထူးခြားတဲ့ ခံစားမှုလေးတစ်ခုနဲ့ဘဲ အချစ်လို့သတ်မှတ်ပြီး ရည်းစားထားလိုက်တော့ ၊ အချစ်ဦးနဲ့ ကွဲတာ ရည်စားဦးနဲ့ ပြတ်တာတွေ ဖြစ်လာရတာပါ ၊ စိတ်လှုပ်ရှားမှုလေးတစ်ခု ဖြစ်လာတာနဲ့ဘဲ အချစ်လို့ မသတ်မှတ်သင့်ပါဘူး ၊ သူ့ကိုတော့ ချစ်နေပြီလို့လည်း တစ်ထစ်ချ မယုံကြည်သင့်ပါဘူး ၊ ဒါဆို ရည်းစားဦးနဲ့ ပေါင်းသင်းရသူတွေကောရှိလား ၊ ရှိပါတယ် ၁၀၀ ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်းနှုန်းက ပေါင်းသင်းရပါတယ် ၊ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကတော့ အချစ်ဦး နဲ့ လမ်းခွဲရတာ ချည်းပါဘဲ ၊ လူတွေ ရည်းစားထားကြတယ် ၊ ချစ်သူရှာကြတယ် ၊ တစ်သက်တာအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ကြတယ် ၊ ဒါ သဘာဝပါ ၊ ကျွန်တော် အကြံပေးချင်တာလေးတွေရှိပါတယ် ၊ ချစ်သူတွေ စုံတွဲတွေ သိထားသင့်တာလေးတွေပါ ။
ချစ်သူ စုံတွဲတွေမှာ ချစ်သူရယ်လို့ဖြစ်လာပြီဆိုရင် ချစ်သက်တမ်း အစပိုင်းမှာ အချစ်ကြီးတတ်ကြပါတယ် ၊ မျက်စိအောက်က အပျောက်မခံတာတို့ ၊ သွားလေရာတကောက်ကောက် လိုက်တာတို့ ၊ တစ်ခုခုဆို ကိုယ့်ကိုဘဲ ရှေ့တန်းတင်စေချင် အရေးပေးစေချင်တာတို့ ၊ အထူးသဖြင့်ယောက်ျားလေးတွေမှာ အဖြစ်များပါတယ် ၊ မိန်းကလေးတွေမှာလည်းဖြစ်တက်ပါတယ် ၊ သ၀န်တိုတာ စသဖြင့်ပေါ့ ရှိတတ်ပါတယ် ၊ ဂရုစိုက်လွန်းအားကြီးတာပေါ့ဗျာ ၊ ဒီလိုမျိုးတွေ ဖြစ်နေတာကို ကိုယ့်ချစ်သူက နားလည်ပေးနိုင်ရင်တော့ကောင်းပါတယ် ၊ အော် ငါ့ကိုချစ်လို့ သူ ဒီလိုဖြစ်နေတာပါလား ဆိုပြီး နားလည်ပေးနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့ ၊ အဲ နားမလည်ပေးနိုင်ရင်တော့ ပြသာနာကြီးပြီ ၊ ကိုယ့်ချစ်သူက ကိုယ့်ကိုထင်လိမ့်မယ် သူ ငါ့ကို မယုံလို့များ ငါ့နောက်တကောက်ကောက်လိုက်နေတာလား ၊ ငါ့နောက်တကောက်ကောက် လိုက်နေရအောင် ငါက အဲဒီလောက်တောင် မယုံကြည်ရတဲ့ သူဖြစ်နေပြီလား ငါ့ကိုအဲလိုများ သတ်မှတ်ထားလားဆြိုပီး ကိုယ့်ချစ်သူက ကိုယ့်ကို အထင်လွဲသွားတာလေးတွေ ဖြစ်လာနိုင်ပါတယ် ( သတိထားနော် အချစ်ကြီးသူတွေ ) ၊ ဒါဆို ကိုယ့်ချစ်သူကို ဂရုမစိုက်ဘဲ ပစ်ထားရမှာလား ၊ အဲလိုကြီးလည်းလုပ်စရာမလိုပါဘူး ၊ ဂရုစိုက်သင့်တဲ့နေရာမှာတော့ ဂရူစိုက်ပေးရပါမယ် ၊ ဥပမာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဂရုစိုက်တာမျိုး စသဖြင့်ပေါ့ ၊ ယုံကြည်သင့်တဲ့နေရာမှာလည်း ယုံယုံကြည်ကြည် စိတ်သန့်သန့်လေးနဲ့ ယုံကြည်ပေးသင့်ပါတယ် ၊ ကိုယ့်ချစ်သူကို ယုံကြည်သင့် သလား စိတ်ချသင့်သလား ဆိုတာ ကိုယ့်ချစ်သူရဲ့ နောက်ကြောင်း ၊ စိတ်နေသဘောထားပေါ်ကိုကြည့်ပြီး ဆုံးဖြတ်ရင် အကောင်းဆုံးပါ ၊ ဆုံးဖြတ်လို့ရပါတယ် ၊ နေရာတကာ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်မနေသင့်ပါဘူး ၊ သံသယလွန်ကဲတာဟာ ကိုယ့်ကိုကိုယ် နှိပ်စက်နေတာနဲ့အတူတူပါဘဲ ၊ဘုရားက တစ်ဘက်ထဲကိုပဲ ကြည့်စေချင်ရင် မျက်စိတစ်လုံးဘဲပေးထားမှာပေါ့ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်နေမယ်ဆိုရင်တော့ ကိုယ့်ချစ်သူကို ကိုယ်ကိုတိုင် သတ်မှတ်ပေးလိုက်တာဘဲ မယုံကြည်သင့်တဲ့သူ ၊ စိတ်မချရတဲ့သူလို့ ။
မိန်းကလေးတော်တော်များများဟာ စည်းကမ်းတွေ ဘောင်တွေအောက်မှာ မနေလိုကြပါဘူး ၊ တချို့ စုံတွဲတွေမှာ ရှိပါတယ် ၊ ယောက်ျားလေးက ချစ်သူမိန်းကလေးကို တခြား သူစိမ်းယောက်ျားလေးနဲ့ စကားမပြောခိုင်းတာတို့ ၊ အပြင်သွားရင် သူမပါဘဲ မသွားရဘူးတို့ ၊ တခြား သူစိမ်းယောက်ျားလေးနဲ့ တွဲသွားတွဲလာ မလုပ်ရဘူးတို့ ၊ ဒါမျိုးတွေက တကယ်တော့ မဖြစ်သင့်ပါဘူး ၊ လူရယ်လို့ဖြစ်လာပြီဆိုရင် ပတ်ဝန်းကျင် ၊ လူ့ဘောင်အသိုင်းက၀ိုင်း ၊ လူမှုရေးဆိုတာရှိပါတယ် ၊ လူတွေထဲမှာ နေတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် လူတွေနဲ့တော့ ဆက်ဆံရမှာဘဲ ၊ နောင်တစ်ချိန် စီးပွားရေးလောကထဲဝင်ရင် ဘယ်လိုလုပ်မလဲ အမျိုးသား ၊ အမျိုးသမီး ခွဲခြားလို့မဖြစ်ဘူးလေ ၊ လူအသိုင်းအ၀ိုင်းထဲမှာနေတဲ့ အတွက် လူမှုရေးတော့ ရှိရမှာပေါ့ ၊ သူကတော့ ပြောပါလိမ့်မယ် အဲဒါ နင့်ကို ချစ်လို့ ၊ နင့်ကို ချစ်လို့ဆိုပြီး ၊ တကယ်တော့ ချစ်တာမဟုတ်ဘူး ကိုယ့်ချစ်သူကို မယုံကြည်တာ ၊ နားလည်မှုမရှိတာ ၊ အဲလို စည်းတွေဘောင်တွေ သတ်မှတ်ထားမယ်ဆိုရင်တော့ သတိပေးလိုက်မယ်ဗျာ စည်းတွေဘောင်တွေ သတ်မှတ်ထားတက်တဲ့သူများ ၊ မကြာပါဘူး ခြေစုံကန်ပြီး ထွက်ပေါက်ရှာသွားပါလိမ့်မယ် ၊ မယုံရင်စောင့်ကြည့်နေပါ ကိုယ့်ကို စွန့်ခွာသွားပါလိမ့်မယ် ၊ ပြီးတော့ စိတ်ကောက်တက်သူများ အထူးအဖြင့် မိန်းကလေးတွေ ၊ ထစ်ခနဲရှိ စိတ်ကောက်တတ်ကြတယ် ၊ နားလည်ပါတယ် ကိုယ့်ချစ်သူရဲ့ ချော့တာလေးခံချင်လို့၊ နွဲ့ဆိုးလေးဆိုးချင်လို့ စိတ်ကောက်ကြတယ်ဆိုတာ ၊ ဒါပေမဲ့ဗျာ စိတ်ကောက်တိုင်းမကောင်းပါဘူး ၊ စိတ်ဆိုးသင့်တဲ့နေရာ ကောက်သင့်တဲ့နေရာမှာ ဘဲ ကောက်ပေါ့ ၊ နေရာတကာ တော့ အချော့ခံချင်လို့ စိတ်ကောက်တယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး ၊ ဒီနေရာမှာလည်း နားလည်မှုလေးတွေ လိုအပ်နေတာပါ အရာရာကို နားလည်ပေးပြီး အကောင်းမြင်လေးနဲ့ မြင်ပေးမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ ၊ ယောက်ျားလေးတွေကတော့ ပြောပါလိမ့်မယ် ဒီလိုဆိုးတာလေးတွေကိုဘဲ ချစ်နေတာ ၊ ကောက်တာလေးဘဲချစ်နေတာ ၊ နှုတ်ခမ်းဆူတာလေးဘဲ ချစ်နေတာ ဆိုပြီး လျှာရိုးမရှိတိုင်း ပြောပြပါလိမ့်မယ် ယောက်ျားလေးတွေ ယောက်ျားလေးတွေ ၊ ဒါမျိုးပြောတာတွေဟာ ဖြစ်နိုင်ပါတယ် ဟုတ်လည်းဟုတ်လောက်ပါတယ် စချစ်ခါစအချိန်မှာဆိုရင်ပေါ့ ၊ ခဏ ခဏ စိတ်ကောက်လွန်းရင်တော့ နောက်ပိုင်းမှာ အဖုအထစ်လေးတွေ ရှိလာပါလိမ့်မယ် ၊ စချစ်ခါစ မှာတော့ ချစ်လို့ ခွင်လွတ်ပေးနိုင်ပေမဲ့ ၊ ကြိမ်ဖန်များလာရင်တော့ သည်းခံနိုင်မှာမဟုတ်ဘူးနော် ၊ လူဘဲဗျာ ၊ ကျောက်တုံးမှ မဟုတ်တာ ၊ ကျောက်တုံးကျောက်ခဲတွေတောင်မှ ပွတ်ပါများရင် သေးသွား အမှုန့်ဖြစ်သွားသေးတာဘဲမဟုတ်လား ၊ သည်းခံနိုင်မှုဆိုတာ အတိုင်းအတာတစ်ခုအထိဘဲရှိပါတယ် ၊ နောက်ပိုင်းမှာ ကိုယ့်ကို ငြီးငွေ့သွားပြီး ထွက်ပေါက်ရှာသွားတာမျိုးတွေဖြစ်လာလိမ့်မယ်နော် (စိတ်ကောက်တက်သူများ သတိထား ) ၊ လူတိုင်းဟာ ခန္တီပါရမီနဲ့ ပြည်စုံတဲ့ လူတွေ မဟုတ်တဲ့အတွက် အရာရာကိုတော့ နားလည်ပေးနိုင်မှာမဟုတ်ပါဘူး ။
ရည်းစားထားတယ်ဆိုတာ လူနှစ်ယောက် ကြိုးတစ်ချောင်းကို အစွန်းနှစ်ဖက်စီကဆွဲနေသလိုဘဲ နှစ်ဖက်လုံးက တင်းတင်းဆွဲရင် ကြိုးက ပြတ်ထွက်သွားမယ် ၊ နှစ်ဖက်လုံးလျော့လွန်းနေပြန်ရင်လည်း ကြိုးကကြာလာရင် ဆွေးပြီးပြတ်သွားမှာဘဲ ၊ ဒီတော့ တစ်ဖက်ကတင်းရင် တစ်ဖက်ကလျော့ပေးလိုက် ၊ ဒီဘက်ကတင်းရင် ဟိုဘက်ကလျော့ပေးလိုက် ၊ ဒါဆိုရင် အဲဒီကြိုးဟာ ဘယ်နည်းနဲ့ မှ ပြတ်နိုင်စရာ အကြောင်းမရှိပါဘူး ချစ်သူတွေမှာလည်း တူတူပါဘဲ ၊ တစ်ဦးက တင်းနေရင် တစ်ဦးက လျော့ပေးလိုက်တာ အကောင်းဆုံးပါဘဲ ၊ နှစ်ဦးလုံးက တင်းနေရင်တော့ စိတ်မကောင်းစရာတွေဘဲ ဖြစ်လာပါလိမ့်မယ် ၊ အချစ်စစ်တို့လျှောက်ရမဲ့ လမ်းသည် ဘယ်သောအခါမှ မဖြောင့်ဖြူး ၊ သိပ်ကိုမှန်တဲ့စကားလေးပါ ချစ်သူတွေ လျှောက်ရမဲ့ လမ်းဟာ အလွန်ကြမ်းတမ်းပါလိမ့်မယ် ကြုံတွေ့လာမဲ့ ပြသာနာတွေ အခက်ခဲတွေ ကို ကြောက်ပြီး ပုန်းရှောင်တာမျိုးတော့ မလုပ်မိပါစေနဲ့ ၊ ကိုယ်ချစ်သူရှေ့မှာ မားမားမတ်မတ် ရပ်တည်ရင်ဆိုင်လိုက်ပါ အထူးသဖြင့် ယောက်ျားလေးတွေကို ဦးတည်ပြောချင်ပါတယ် ၊ ချစ်သူတွေမှာ ပထမဆုံးကြုံတွေ့ရမဲ့ ပြသာနာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ၊ နားလည်မှုဟာ ချစ်သူတွေအတွက် အလွန်အရေးကြီးပါတယ် ၊ သတိထားရမဲ့ အချက်ကလေးတွေ ရှိပါတယ် ၊ အမျိုးသားတွေ ကိုယ့်ချစ်သူနဲ့တွေ့တဲ့ အချိန်မှာ ရည်းစားဟောင်းအကြောင်း မပြောမိပါစေနဲ့ ၊ မင်းကို ကိုယ်ချစ်တယ်ဆိုတဲ့ စကားလေး ၊ အဲဒီ ချစ်တယ်ဆိုတဲ့ စကားလေးကို အစဉ်ပြောပေးရပါမယ် ၊ အချိန်တိုင်းကြီး ၊ နေတိုင်း ပြောရမယ်လို့လည်း မဆိုလိုပါဘူး ၊ ပြောပါများလာရင်လည်း ရိုးသွာတာတွေ မလေးနက်တာတွေ ဖြစ်လာပါလိမ့်မယ် ၊ ကိုယ့်ချစ်သူရဲ့ မွေးနေ့ ၊ ကိုယ်ကို့ အဖြေပေးတဲ့ နေ့ အဲဒီနေ့ တွေကိုတော့ စွဲစွဲမြဲမှတ်ထားဖို့တော့ အရေးကြီးပါတယ် ၊ တခြားဟာတွေ အမှတ်မရရင် နေပါစေ ၊ ဒီ နှစ်ရက်ကိုတော့ ဦးနှောက်ထဲမှာ စွဲနေဖို့လိုအပ်ပါတယ် ၊ ကိုယ့်ချစ်သူအတွက် ကိုယ်သူ့ကိုဘယ်လောက်ချစ်ကြောင်း သိစေဖို့ မထင်မှတ်တာလေးတွေ ၊ အံသြစေတာလေးတွေ ကို မကြာခဏဖန်တီးပေးသင့်ပါတယ် ၊ ဒါမှလည်း ကိုယ့်ချစ်သူက ကိုယ့်ဆီမှာဘဲ စိတ်ရောက်နေမှာပါ် သာယာနေမှာပါ ၊ တခြားသော သူစိမ်းတစ်ယောက်စီ စိတ်ရောက်နေတာမျိုးလုံးဝအဖြစ်မခံပါနဲ့ ၊ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ကိုယ့်ဘက်မှာရှိနေဖို့ အလွန်အရေးကြီးပါတယ် ။
အရေးကြီးတဲ့ နောက်တစ်ချက် ၊ ချစ်သူချင်း သဘောထားတိုက်ဆိုင်မှု ၊ အလွန်အရေးပါ ပါတယ် ၊ (အသွင်တူမှ အိမ်သူဖြစ်မယ် ) ဆိုတဲ့ စကားလေးကို ကြားဖူးပါသလား ၊ အဓိပ္ပာယ်ကိုကော သေချာသိပါသလား ၊ အချို့သော ချစ်သူစုံတွဲတွေမှာ စိတ်သဘောထားမတိုက်ဆိုင်တဲ့ ပြသာနာလေးတွေရှိပါတယ် ၊ အထူးသဖြင့် မိန်းကလေးတွေပေါ့ သူနဲ့ ကိုယ်နဲ့ အကြိုက်ခြင်းမတူတာတို့ ၊ ကိုယ်ကြိုက်တဲ့ အစားအစာနဲ့ သူကြိုက်တာနဲ့ မတူတာတို့ ၊ ကိုယ်က ဒီအရောင်လေးကြိုက်တယ် သူကတော့ တခြားရောင်ကြိုက်တယ် စသဖြင့် ဒီလိုအသေးမွှားပြသာနာလေးတွေက အစ ပြသာနာရှာတက်ကြတယ် ၊ အသွင်တူမှအိမ်သူဖြစ်မှာ ဆိုတဲ့စကားကို အဓိပ္ပာယ်ကောက်တာလွဲပြီး ဒီလိုပြသာနာလေးတွေ ဖြစ်လာတာပါ ၊ တကယ်တော့ ဒါတွေဟာ အယူသီးမှုတွေပါ ၊ (အသွင်တူမှ အိမ်သူဖြစ်မှာ) သေချာစဉ်းစားကြည့်ပါ အသွင်တူမှလို့ပြောတာပါ အကြိုက်တူမှ လို့ပြောတာ မဟုတ်ပါဘူး ၊ အသွင်တူတယ်ဆိုတာကလည်း ၊ သူနဲ့ကိုယ်နဲ့ လုပ်ပုံကိုင်ပုံလေးတွေ ၊ သူဖြစ်ချင်တာကို ဖြစ်စေချင်တဲ့အတိုင်း ကိုယ်ကဖြစ်အောင်လုပ်ပေးနိုင်တာလေးတွေ ၊ စတာတွေပါ ၊ အကြိုက်ချင်းတူမှ ဘာညာဆိုတာ အယူသီးမှုတစ်ခုပါဘဲ ၊ အသွင်တူဖို့ ဆိုတာကလည်း ၊ လူတွေဟာ မွေးလာကတည်းက လူတစ်ကိုယ် စိတ်တစ်မျိုး ဗီဇတစ်ခုစီပါလာတက်ကြပါတယ် ၊ ဒါကြောင့် လူလူချင်း အသွင်တူဖို့ဆိုတာ မလွယ်ပါဘူး ၊ ဒါဆို ဘယ်လိုမျိုး ဘယ်ချိန်မှာ အသွင်တူတယ်လို့ခေါ်နိုင်သလဲ ၊ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံလေးလိုပါဘဲ ၊ လူတွေဟာ ကိုယ်နဲ့ နီးစပ်ရာကို အတုယူ ပြုမူ တက်ကြပါတယ် ၊ တခြားသော လူတစ်ယောက်နှင့် အနေနီးလေ တခြားသူရဲ့ အပြုအမူ ပြောပုံဆိုပုံတွေ ဟာ ကိုယ်ဆီမှာ ပါလာတက်လေပါဘဲ ၊ ကျွန်တော်ဆိုလိုချင်တာက ၊ ကိုယ်ချစ်သူနဲ့ စ ချစ်ခါစမှာတော့ ဘယ်လိုမှ အသွင်မတူနိုင်ပါဘူး ၊ ဒါကို စိတ်သောကတစ်ခုအနေနဲ့ မသတ်မှတ်ပါနဲ့ ၊ ဒါပေမဲ့ အချိန်ကြလာတာနှင့်မျှ ၊ ရည်စားသက်တမ်းကြာလာပြီး မိမိချစ်သူနဲ့အနေနီးလာတာနဲ့အမျှ ၊ သူ့ရဲ့ ပြောပုံဆိုပုံလေးတွေ ၊ သူလုပ်တက်တဲ့ အပြုအမူလေးတွေက ကိုယ့်ဆီမှာ လာပြီး ပြုမှုလာပါတယ် လုပ်ဆာင်လာပါတယ် ၊ အဲဒီအချိန်ကြမှဘဲ အသွင်တူမှ အိမ်သူဖြစ်မယ် ဆိုတဲ့စကားလေးရဲ့ အဓိပ္ပာယ်ပေါ်လွင်လာတာပါ ။
ဒါ့ကြောင့် ချစ်သူတွေမှာ အရေးကြီးဆုံး အချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့နဲ့ ယုံကြည်မှု၇ှိဖို့ပါဘဲ ၊ ဒီနှစ်ချက်သာ သင်တို့ဆီမှာရှိမယ်ဆိုရင် ပျော်ရွှင်စွာနဲ့ ဘ၀ခရီးကြမ်းကို ချစ်သူလက်တွဲပြီး အတူလျှောက်လှမ်းနိုင်မှာပါဗျာ။
ချစ်သူတိုင်း ပေါင်းဖက်စုံမက်နိုင်ပါစေ။
ချစ်တက်သူတိုင်း သိသင့်သည့်အရာ
ချစ်တတ်သူများအတွက်ရည်ရွယ်ပါတယ်ဗျာ
သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ?
ပျော်ရွှင်နေတဲ့အချစ်ရေးကို  ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့  လျှိုဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။
ကဲ.....လေ့လာကြည့်ကြမယ်နော် ။
နားလည်မှုအချစ်
လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊ စိုးရိမ်ပူပန်မှုတွေလည်း ရှိလာတတ်ကြတယ် ။
အဲ့ဒါက အပြစ်တော့မဟုတ်ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။ အဲ့ဒီတော့ အထူးသတိထားရမယ့်
အချက်က လက်ရှိအချစ်မှာလိုက်လျောညီထွေဖြစ်အောင် နေဖို့ ပါပဲ။ ကိစ္စတစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက်
မျှ တွေးပေးပါ။ သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက် ကြောက်လန့် စိုးရွံစရာတွေ
မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။ ပြီးတော့ နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ
အပြောအဆိုတွေကြောင့်  သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့  အဖြစ်မျိုးတွေ မကြုံရအောင်
လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ်ဆိုရင်
တော့ ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ် ထင်ပါတယ်နော်။
မျက်မြင်ကိုယ်တွေ့ မှ ယုံပါ 
ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင် ကြားစကားတွေကိုဘယ်တော့မှ မယုံမိပါစေနဲ့ ။ ကြားစကားတွေ
နဲ့ လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။ သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမ
ပါစေနဲ့ ။ တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင်ထံမကြာမီရောက်လာမှာပါ။
သင့်ဘက်ကသာ အစစ်အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကို ကံတရားက သင့်အတွက်
ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကိုတွေးပြီင်္း စိတ်ပူမနေပါနဲ့ ။ သင်ဟာနဂို
ကတည်းက သံသယ များတတ်တယ်ဆိုရင်တော့ အစကတည်းက သင်သိချင်တဲ့ အကြောင်းအရာတွေကို အားမ
နာစတမ်းမေးထားပါ ။ သူဘယ်အချိန် ဘယ်နေရာမှာ ရှိနေမယ်ဆိုတာကို ဇယားချထားပါ ။ နှစ်ဦးနှစ်ဘက်မညာ
စတမ်း ပွင့်ပွင့်လင်းလင်းစကားပြောထားပါ ဒါကြောင့် အရေးမကြီး တဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့  အစက
တည်းက နှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့  ပိတ်ပင်ထားပါ။ တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ... အချစ်
ကို တွေ့ ရှိပြီးနောက် ကိုယ့်ဆီကထွက်မသွားစေဖို့  ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊ တိုက်ဆိုင်မှု
လေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။ သင့်အတွက် နေ့ စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ တောင်တိုက်
ဆိုင် မှုလေးတွေ ရှိအောင် ဖန်တီးနိုင်ပါတယ်။ ဒီနေ့ သူဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့  သူဝတ်ထားတဲ့
အင်္ကျီအရောင်လေးတွေကအစ စားသောက်မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်း
တိုက်ဆိုင်ကြည့်ပါ ။ သင်ဟာသူ့ ကို တကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။
ဒါပြင်သင်သိပ်ကြိုက်တဲ့ မင်းသား ၊ မင်းသမီး ၊အစားအစာ ၊ ရုပ်ရှင် ၊ အရောင် စသည်ဖြင့် သူ့ ကိုပြောပြထားပါ။ 
မှတ်သားထားပါ ။ တစ်ခါတစ်ရံ တစ်ဘက်သား မမျှော်လင့်တဲ့  နေရာမျိုးတွေဆီကနေ အံ့သြစရာ အဖြစ်အပျက်
တွေ နဲ့ စကားအဆန်းလေးတွေကို ကြိုးစားပြီးဖန်တီးပြပါ ။ အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာ
ထက် လှိုင်းကြပ်ခွပ်လေးတွေလို လှုပ်ရှားမှုလေးတွေ ရှိနေမှ ပျော်ရွှင်စရာ ကောင်းမှာပေါ့ ။ ဟုတ်ဘူးလား။
အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ ။
သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ့ အသိအမှတ် မပြုပေးရင်တောင် သင်တို့ နှစ်ယောက်ကြားက
အချစ်တွေဘယ်တော့မှ မပြယ်ပါစေနဲ့ ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိ ဆက်ချစ်နေသေးပါတယ်တဲ့ သင်တို့ 
နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို ဂုဏ်ယူပေးပါ ။ ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်း မဟုတ်ဘဲ
နှစ်ယောက်စုံစုံညီညီနဲ့  အချစ်မှတ်တိုင် နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။ ဒီလိုအလေ့အကျင့်လေးတွေကို
ဖန်တီးတဲ့အခါ ပျော်ပျော်ရွင်ရွင် နက်နက်နဲနဲ ဖန်တီးပြပါ ။ ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ လုပ်ဆောင်မှု
တွက်အပြုံးတစ်ပွင့်နဲ့  ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲ ရယူပါ ။  ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့်
ချစ်သက်တမ်းအတွက် အားအင်အသစ်တွေ နဲ့ နွေးထွေးမှုတွေကို အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေး တဲ့
ဖန်တီးမှုလေးတစ်ခုပါ ။
လက်တွဲဖော်မှန်ပါစေ
သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်းသင့်ကို လိုအပ်နေတယ် ။ သင်အတွက် ဘယ်အရာမဆို ပြောင်းလဲပစ်ဖို
့အဆင်သင့်ရှိသူလား ။ အချစ်ကံကောင်စေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက် အခြားလိုအပ်မှုပေါင်းများစွာကို
ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ်။ လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းကပြည့်စုံနေတယ်
ဆိုတာတော့မရှိပါဘူး ။ လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ ဒါပေမဲ အချစ်စစ်သမားအတွက် တော့
အရာရာ ဖြည့်ယူမယ် ၊ နားလည်မှုတွေ ပေးမယ် ၊ ညှိနှိုင်းကြမယ် ဆိုတဲ့ ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ်။
ဆင်ခြေတွေကို အမြဲမပေးပါနဲ့  ။ လက်ရှိအခြေအနေတွေကို ရိုးသားပါ ။ ကိုယ်ကလည်းအစစ်အမှန်ကို ရချင်
တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အစစ်အမှန်တွေပေးမှဖြစ်မှာပေါ့ ။ဟုတ်ဘူးလား ။ သင့်စိတ်ထဲမှာ သူမှတစ်
ပါး အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့ ။ ဒါကိုလည်း သူသိအောင်လုပ်ပါ ။ သင်တို့ နှစ်ဦင်္းကြားက
စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ် ။
………………………………………………………………………… 
မိုးကောင်းကင်မှာ ကြယ်မင်းသမီးလေးတွေ ၀န်းရံခတဲ့ လနတ်သမီးလေးရှိတယ် ။ သူ့ဘ၀က ငွေရောင်လွှမ်းခြုံ
ဘက်ပေါင်းစုံ တင့်တယ်ခြင်း၊ ချမ်းမြခြင်း သုခအပေါင်းခညောင်းနေတဲ့ လနတ်သမီးလေးပေါ့။ မိုးနတ်သားလေး
ကတော့ လျှပ်မီးလျှပ်ရောင်တပြောင်ပြောင်တလက်လက်နဲ့ ကြမ်းတမ်းလှတဲ့ ဘ၀ခရီးလမ်းမှာ တဂျိုးဂျိုး တဂျိမ်း
ဂျိမ်း မိုးခြိမ်းသံပေး ဘ၀အရေးအခင်းကို ဖြေရှင်းရင်ဆိုင်နေရတဲ့ ခယောင်းလမ်းက မိုးနတ်သားလေးပေါ့။
အဲဒီလို မညီမျှတဲ့ ဘ၀နှစ်ခု အခြေအနေမျိုးမှာ လနတ်သမီးလေး က မိုးနတ်သားလေး ကို ချစ်ပါတယ် ဆိုရင်
ဒါ ယုံလား။ ဖြစ်နိုင်လား။
…………………………………………………………………………
ကောင်မလေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူဆိုတာ …
၁) မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာ စိုးလို့  အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ. ..[?]
   (လိုအပ်ရင် အကျီင်္လေးပါချွတ်ပေးလို့ ကာ မိုးပေးသူ…)
၂) သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကိုပြေးစေသူ…
(ဘယ်လောက်ပဲ ဇောချွေးပူလို့ သူ့ မှာသောကတွေများနေပါစေ သူ့ လက်တစ်စုံနဲ့ ကိုယ့်ကို အင်အားတွေပေးသူ)
    (လိုအပ်ရင် ရင်ခွင်ထဲ ဆွဲပွေ့ ပေးထားတတ်သူ…)
၎) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံအဖြစ် အသင့်ရှိနေသူ…
(မင်းမျက်ရည်ကျတာကိုယ်မမြင်ချင်ဘူးကွာဟုတားမည် ။…သို့ သော်လိုအပ်လာလျှင်
သူ့ ပုခုံးနှစ်ဘက်ကိုအသင့်ပြင်ပေးထားသူ… Cry on my shoulder…လို့ ပြောတတ်သူ…)
၅) [?] Avril lavigne မဟုတ်ပေမယ်လဲ မင်းသီချင်းဆိုတာလေးက အရမ်းနားထောင်လို့ ကောင်းတယ်လို
့     ကိုယ့်ကိုကျေနပ်အောင် ပြောပေးတတ်သူ … [?]
၆) Romance movies တွေကိုကြိုက်သော်လည်း ကိုယ်နှစ်သက်တဲ့  harry potter ကားမျိုးကို မပျင်းမရိ
     လိုက်ကြည့်ပေးတတ် သူ …
၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည် လိုက်ရေတွက်တတ်သူ…[?] [?] [?]
(တခါတရံကောင်းကင်ယံက ဒဏ္ဍာရီချစ်မောင်နှံ ခွန်စံလောနဲ့ နန်းဦးပြင်ကြယ်လေးအကြောင်းပါ စိတ်ဝင်စားဖို့ 
ကောင်းအောင် ပြောပြပေးတတ်သူ …)
၈) ကိုယ်မွေးနေ့ ကိုမှတ်မိပြီး မှတ်မှတ်ရရ အမှတ်တရတွေဖန်တီးပေးတတ်သူ…[?]
(သူများနဲ့ မတူပဲ ကိုယ့်ရင်ကို လှုပ်ခတ်နိုင်မဲ့လက်ဆောင်မျိုးပေးနိုင်အောင် ဖန်တီးတတ်သူ …)
၁၀) မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ…
(ဆွေးမျိုးမေ့အောင်ကောင်းပါတယ်ဟေ့ လို့ …တခါတခါ ၀မ်းသာအောင်ပြောပေးတတ်သူ …)
ကောင်လေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူမျိုးက …
၁) ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တစုံတခုကို ဖန်ဆင်းပေးချင်သူ …
(ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ …အာလာဒင်သာဖြစ်ရင်ဆိုတဲ့ 
အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ…)[?]
၂) သိပ်ချစ်တာကိုသိသော်လဲ ခဏခဏကြားချင်လို့ နင်ငါ့ကိုယ်ဘာလို့ ချစ်တာလဲလို့ မေးတတ်သူ …
၃) ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့် သူ့ စိတ်အစဉ်ထဲမှာဟီးရိုးလို မှတ်ယူပေးထား
    တတ်သူ …
၎) သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ် ၊ချစ်ဖို့အရမ်းကောင်းတယ်ဟု ပြောကာ
    အူတိုနေတတ်သူ …
၅) ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊ သတိရတတ်သူ (ဥပမာ-အစားအသောက်ကောင်းလေးများ၊
ဇာတ်လမ်းကောင်းလေးများနဲ့ ကြုံကြိုက်လာတာမျိုးကအစ…)[?] [?] [?]
၆) ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ့ ကိုယ်မပေးချင်ပဲ.....သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ …
၇) ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ …အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို့ ရဲဝင့်စွာကြွေးကြော်တတ်သူ …
၈) ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ
    (သူ့ အတွက်ကိုယ်ဟာ necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ…)
၉) မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက်လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်
     ထားတတ်သူ …(အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)[?]
၁၀) ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ… ( နင့်ကြောင့် ငါပျော်ခဲ့ရ
တာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ ကြံဖန်ဂုဏ်ယူပေးတတ်သူ …) အဲ့လိုချစ်သူမျိုးတွေ သူငယ်ချင်းတို့ 
မှာရှိပြီလား …ရှိကောရှိချင်ကြလားဟင် ရှိလာကြရင်ကော … တချို့ ကတော့ လိုအပ်ချင်မှ လိုအပ်မယ်
လူတစ်ကိုယ်အကြိုက်တစ်မျိုးစီပေါ့ဗျာ .
……………………………………………………………………………………
အချစ်ဆိုတာ အစမှာချိုမြိန်တယ်...
ဘေးနားမှာ သူရှိနေမယ် သင့်အတွက်ဝေမျှပေးမဲ့သူရှိမယ်....
သင်အထီးမကျန်တော့ဘူး သူသင့်ကို သတိရနေမယ် လွမ်းနေမယ်.....
ဘာပဲလုပ်လုပ် အတူတူရှိနေရင် အားလုံးဟာ ပျော်စရာတွေပဲ....
ဒါပေမဲ့ ရင်းနှီးလာလေ တစ်ဘက်သူရဲ့အားနည်းချက်တွေကို မြင်လာမယ်.....
သင်စိတ်ရှုပ်လာမယ် သင်လက်မခံနိုင်တဲ့အထိဖြစ်လာမယ် တစ်ယောက်ယောက်နဲ့ သင်နှိုင်းယှဉ်နေမယ်....
သင်နဲ့ သူနဲ့ လိုက်ဖက်တယ်မလိုက်ဖက်ဘူးဆိုတာကို သင်သိလား။.....
အချစ်ဆိုတာ ကျောက်ခဲတစ်လုံး ကောက်ရသလိုပေါ့.. ကျောက်ခဲပေါင်းများစွာထဲမှရွေးကောက်နေတာ။....
မကြိုက်လို့ဆိုပြီး ဒီကျောက်ခဲကိုပစ် နောက်ကျောက်ခဲကို ကောက်လိုက်နဲ့ဆိုရင် ဘယ်ပြီးတော့မလဲ။....
ကိုယ်ကောက်လို့ရထားတဲ့ ကျောက်ခဲကိုပဲ အမြတ်တနိုးနဲ့ ထားရင်
ကျောက်ခဲကအဖိုးတန်တဲ့ ကျောက်မျက်ဖြစ်နေမယ်။....
ကြာရင် ပျင်းလာတယ် ငြီးငွေ့လာတယ် လို့ သင်တို့ ထင်ကြမယ်..မှားတယ်.....
ဒါဟာ ဥပမာတစ်ခုနဲ့ပြောပြချင်တယ်
စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းလက်ဆုံစားနေတဲ့ လူလတ်ပိုင်းယောင်္ကျားလေးတစ်စုရဲ့ စကားသံ
“လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ငါ့မိန်းမ ကို ငါလိုက်တုန်းက သူကပုဇွန်စားချင်တယ်ပြောတာ ငါ ၁၀ကောင်အခွံခွါ
ပေးတယ်၊ ခုဆိုရင်သူခွါခိုင်းရင် ခွါပေးဖို့နေနေသာသာ….”
ဒါကို သူကြွားစရာလို့များ ထင်နေလားမသိဘူးနော်…
သူ့ရဲ့အိမ်ထောင်ရေးဘယ်လောက်ကျရှုံးနေတယ်ဆိုတာ ကြေငြာနေတလိုပါပဲ……
နောက်တစ်ခုပြောချင်သေးတယ်
ကောင်မလေးကို ချစ်စခင်စကြင်နာစတုန်းကတော့ ရုံးလာကြိုလိုက် ဖုန်းဆက်ပြီး စားပြီးပြီလားမေးလိုက်နဲ့
အလုပ်ကိုရှုပ်နေတာ လင်မယားလဲဖြစ်ရောဈေးခြင်းတောင်းကို ဗိုက်တစ်လုံးနဲ့ သယ်နေတာကို သိရက်နဲ့ မမြင်
ချင်ယောက်ဆောင်တယ်။
အသက် ၇၀ ရှိတဲ့ လင်မယားဟာ ခုချိန်ထိ ဘုရားကျောင်းတက်ပြီး သူတို့ရဲ့မင်္ဂလာပွဲကို ခုထိ ကျင်းပနေရတာ
ကော ဘာကြောင့်ပါလဲ….
ရွှေရတုတွေဘာတွေမဟုတ်ပဲ မင်္ဂလာပွဲတစ်ခုကို အမြဲလိုလို ကျင်းပနေကြတယ်။ သူတို့ကို အားမကျဘူးလား…..
လူတွေက ရယူပိုင်ဆိုင်ပြီးရင် အလေးမထားကြဘူး
လက်ထက်ခြင်းက လူတွေကို ပျင်းရိစေတယ် မပြောချင်ဘူး၊ မနားထောင်ချင်ဘူး၊ တစ်ယောက်အတွက်
တစ်ယောက်က အံ့သြအောင် ပျော်ရွှင်အောင်မလုပ်ပေးတော့ဘူး။ လင်မယားမဖြစ်ခင်ထိတော့ ဘယ်လိုပြောရင်
ကောင်းမလဲ။ ဘာလုပ်ပေးရင်ကောင်းမလဲနဲ့။
အမှန်တော့ ရည်းစားနဲ့ လင်မယားကအတူတူပါပဲ။ ပိုခိုင်မြဲအောင်တလောကလုံးသိအောင် ကြေငြာထားတာပါ။
အမြဲချစ်နေကြဖို့ မပျင်းဖို့ပဲလိုတယ်။ သူ့အတွက်နဲ့ အမြဲနိုးကြားနေရမယ်။
နောက်ဥပမာတစ်ခုက…
ချစ်သူရည်းစား ချိန်းပြီး ညနေစာစားဖို့ ကောင်မလေးကို ကောင်လေးစောင့်နေတာ မိနစ်၃၀ကြာပြီ။
ကောင်မလေးက မထင်မှတ်တဲ့ ရုံးအလုပ်ပေါ်လာတာနဲ့ မိုးရွာတာနဲ့ဆိုတော့ နောက်ကျသွားတယ်။
ဒါကို ကောင်လေးက “အမြဲနောက်ကျနေတာပဲ ဒီလိုစောင့်နေရတာ ငါစားချင်စိတ်တောင်မရှိတော့ဘူး။”လို့ပြော
တော့ ကောင်မလေး ရင်ထဲမှာ အမောဆို့သွားတဲ့အပြင် ဒီအချစ်ခရီးလမ်းကို လျှောက်ဖို့ သူ့မှာအင်အား
မရှိတော့ဘူး။
ဒီနေရာမှာ မိုးရွာထဲရောက်အောင်လာတဲ့ ကောင်မလေးကို “အလုပ်များနေလို့လား အဆင်ပြေသွားပြီလား”ဆိုပြီး
မိုးစက်လေးတွေကိုသုတ်ပေးရင်……ဘယ်လောက်ကောင်းမလဲ ကွယ်။
နားလည်ပေးပါ……….
အချစ်ရဲ့လှပမှုဆိုတာ သင့်ပေါ်မှာမှုတည်တယ်…
တစ်ယောက်နဲ့တစ်ယောက်ရဲ့အချစ်တွေ ကမတူဘူး။ ချစ်ပုံတွေကွဲကြတယ်။
တစ်ယောက်ယောက်ကိုချစ်ရင် သူ့ကိုနားလည်ရမယ်။
တောင်းပန်ရမယ်။ ကျေးဇူးတင်ရမယ်။
အမှားသိပြီး ပြင်တတ်ရမယ်။ ယုယရမယ်။
လက်ခံရမယ် သည်းခံခိုင်းတာမဟုတ်ဘူး။
ခွင့်လွတ်ရမယ် အလိုလိုက်ခိုင်းတာမဟုတ်။
အားပေးရမယ် မြောက်ပင့်ခိုင်းတာမဟုတ်။
မေးဖော်ရရမယ် စစ်ဆေးမေးမြန်းခိုင်းတာမဟုတ်။
ရင်ဖွင့်ရမယ် ပေါက်ကွဲခိုင်းတာမဟုတ်။
မေ့မရနိုင်တာလေးတွေဖန်တီးရမယ် နောင်တရခိုင်းတာမဟုတ်။
အချင်းချင်းဖလှယ်နေရမယ် အရာအားလုံးကို သင်ကသိနေရမှာမဟုတ်။
သူ့အတွက်ဆုတောင်းပေးနေရမယ် သူ့ကိုပူလောင်မှုတွေ မဖြစ်နိုင်တာတွေလုပ်ခိုင်းတာမဟုတ်။
သာယာကြည်နူးရမယ် ငွေဖြုန်းခိုင်းတာမဟုတ်။
အချိန်မရွေး လက်တွဲလို့ရတယ် ဒါပေမဲ့ ဒီတွဲလက်ကို အချိန်မရွေးလွတ်လို့ရတာမဟုတ်………………..
လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့ သင်္ချိုင်းတဲ့။
ဒါပေမဲ့ လက်မထပ်ခဲ့ရင်အချစ်ကမြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။
အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။
လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။
လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။
အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။
အကောင်းဆုံးကိုရဖို့မျှော်ကိုးေ နလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။
ღ•♫♪မိန်းကလေးတွေစိတ်လှုပ်ရှားစေသောစကားများ (ကောင်ကလေးတွေအတွက်)ღ•♫♪
(ကောင်ကလေးတွေအတွက်)ღ•♫♪
၁။ ငါ နင့်ကို ဒီလောက်ချစ်တာ....နင် ငါ့ကို နည်းနည်းပြန်ချစ်ရင် ငါသေပျော်ပါပြီဟာ....
၂။ နင် ထမင်းမချက်တတ်ဘူးဆိုလဲ ငါ့ဘေးနားမှာနေပြီး...ငါချက်တဲ့ ထမင်းကို နှစ်ယောက်အတူတူစားကြမယ်လေ....
၃။ ဒီကမ္ဘာမှာ နင့်မိဘတွေ ပြီးရင် နင့်ကို ငါ့လောက် ချစ်တာ ဘယ်သူရှိလဲ.......
၎။ နင်ကလဲ ရိုးလိုက်တာ...နောက်ဆို ဘာပဲဖြစ်ဖြစ် ..ငါ့နောက်မှာပဲ နေနော်... သိရဲ့လား....
၅။ နင့်ရဲ့နာမည်က ငါ့နှလုံးသားထဲမှာ ရေးထွင်းပြီးသားပါဟာ...တခြားကောင်မလေးတွေကို စိတ်မ၀င်စားပါဘူး....
၆။ နင် အဲဒီမှာပဲ ရပ်နေနော်...ဘယ်မှ မသွားနဲ့... ငါ အခုလာကြိုမယ်....
၇။ နင်ငါ့ကိုချစ်တယ်ဆိုတဲ့စကားအမြဲ ကြားချင်တယ်..မှတ်ထားပေးနော်...
၈။ နင့်ကို ငါ့ရဲ့ ဘေးမှာ တစ်သက်လုံး အတူရှိနေစေချင်တယ်....
၉။ လောကကြီးမှာ ကောင်းတဲ့အရာမှန်သမျှ...ငါရသလို...နင့်မှာလဲ ရှိစေရမယ်....
၁၀။ နင် ငါ့အတွက် အိမ်သန့်ရှင်းရေးလုပ်ပေးသလို...ငါလဲ နင်လျှောက်မဲ့လမ်းကို ရှင်းလင်းပေးထားမယ်လေ...
၁၁။ နင့်ကို ချစ်တယ်ဆိုတာ ငါ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ပဲနော်...ဘယ်သူမှ တရားမ၀င် နင့်ကို ပြောဆိုခွင့် မပေးနိုင်ဘူး....
၁၂။ နင်လိုချင်တာ...ငါ့မှာရှိရင် ကျိန်းသေ နင့်ကို ပေးမှာပါ....နင် ငါ့အနားက မထွက်သွားပါနဲ့နော်....
၁၃။ အခု မင်္ဂလာဆောင်စရိတ်တွေ သက်သာတယ်ကြားတယ်.... ငါတို့ မင်္ဂလာဆောင်ရအောင်...ငါ့ကိုလက်ထပ်ခွင့်ပေးပါ....
၁၄။ ဘ၀ဆိုတာ ဒီလောက် ရှည်လျားတာ... နင် ငါ့ကို သုံး လေး နှစ် စောင့်ခိုင်း တာ ဘာအရေးလဲ...
၁၅။ ငါကိုယ်တိုင် နင့်ကို ကံကောင်းခြင်းတွေ ပေးမယ်...တခြားသူတွေကို စိတ်မချပါဘူး....
၁၆။ မင်းတို့ ငါ့ချစ်သူကို အနိုင်မကျင့်ကြနဲ့နော်..ငါကလွဲလို့ မင်းတို့မှာ ပြောပိုင်ခွင့်မရှိဘူး...
၁၇။ နင်စောင့်နေနော်...တနေ့ကျရင် ငါ့ကလေးရဲ့ မေမေ လုပ်ရမှာ....
၁၈။ နင့်ကိုယ်နင် သေချာ စောင့်ရှောက်ပါ...မဟုတ်ရင် နင့်ကို တစ်သက်လုံးစောင့်ရှောက်ခွင့် ငါ့ကို ပေးနော်...
၁၉။နင့်ကို သတိရတဲ့အခါ...ငါ နင့်ကို အမြဲရှာနေမိတယ်...
၂၀။ ငါ နင့်ကို ကံကောင်းခြင်းတွေ ပေးတာ...ဘယ်သူမှ တားလို့ မရဘူးဆိုတာ နင်သိလား....
၂၁။ ငါတောင်  အပြစ်မတင် ရက်တဲ့ လူကို...ဘယ်သူက အနိုင်ကျင့်လို့ရမှာလဲ....
၂၂။ ဘယ်လို အချိန်ပဲဖြစ်ဖြစ်...နင့်မှာ လက်ထပ်ချင်တဲ့သူရှိရင် ငါ့ကိုပြောပါ... ငါနင့်ကို စွန့်လွှတ်ပေးပါ့မယ်...
ღ•♫♪မှတ်ချက်... အထက်ပါ စကားများမှာ... မိမိတကယ်ချစ်သော မိန်းကလေးကို သာ ပြောရန်ဖြစ်ပါတယ်...ღ•♫♪
လူတစ်ယောက်ကိုချစ်မိပြီဆိုရင်..
လူတစ်ယောက်ကိုချစ်မိပြီဆိုရင်...
သူ မပေးနိုင်တာကို မမျှော်လင့်ပါနဲ့
သူ ပေးနိုင်တာကို တန်ဖိုးထားပါ
သူ မလုပ်နိုင်တာတွေအတွက် အပြစ်မဖို့ပါနဲ့။
သူ လုပ်နိုင်တာတွေကို အကောင်းဆုံးဖြစ်အောင်တိုက်တွန်းပေးပါ။
သူ့ မျှော်လင့်ချက်တွေအတွက် သင်ကအတားအဆီးမလုပ်ပါနဲ့။
သူ့ နေချင်တဲ့ဘ၀မျိုးမှာ သင်ကအလင်းပေးသူဖြစ်ပါစေ။
လူတစ်ယောက်ကိုချစ်မိပြီဆိုရင်..
.
သူ မပေးနိုင်တာကို မမျှော်လင့်ပါနဲ့
သူ ပေးနိုင်တာကို တန်ဖိုးထားပါ
သူ မလုပ်နိုင်တာတွေအတွက် အပြစ်မဖို့ပါနဲ့။
သူ လုပ်နိုင်တာတွေကို အကောင်းဆုံးဖြစ်အောင်တိုက်တွန်းပေးပါ။
သူ့ မျှော်လင့်ချက်တွေအတွက် သင်ကအတားအဆီးမလုပ်ပါနဲ့။
သူ့ နေချင်တဲ့ဘ၀မျိုးမှာ သင်ကအလင်းပေးသူဖြစ်ပါစေ။
မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက်
မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက် ===================================== ( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။ ( ၂ ) ကိုယ် ပြောချင်တာထက် သူပြောချင်တာကို အရင်နားထောင်ပေးပါ။ ( ၃ ) သူစိတ်ကောက်နေလျှင် စိတ်ပြေသည့်အထိ စိတ်ရှည်ရှည်ထားပြီး နူးညံ့ပျော့ပျောင်းသော ကိုယ်နှုတ်အမူအရာဖြင့် ပြန်ချော့ပါ။ ( ၄ ) အခါအားလျော်စွာ သင်တတ်နိုင်သလောက် လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် သူ၏ ယုံကြည်မှုကို ရယူပါ။ ( ၅ ) သူနှင့် သွားနေစဉ် (သို့ ) တွေ့ နေစဉ် အခြားမည်သည့် မိန်းမကိုမှ မည်မျှပင်ချောနေ လှနေသည် ဖြစ်စေ လုံးဝစိတ်ဝင်စားမှု မပြပါနှင့်။ ( ၆ ) သင့်ကိုယ်သင် ငွေကြေးချမ်းသာပြည့်စုံမှုထက် ရိုးသားကြိုးစားပြီး ထက်မြတ်သူဖြစ်ကြောင်း သူလက်ခံလာအောင် ပြပေးပါ။ ( ၇ ) သင်မဟုတ်တာ (သို့ ) မလုပ်သင့်တာ တစ်ခုကို သူသိထားလျှင် ဇွတ်အတင်း ညာပြီး ငြင်းမနေပါနှင့်။ မိမိအမှားကို ယောက်ျားပီပီ လက်ခံပြီး နောက်မဖြစ်စေရဘူးဟု သူယုံကြည်လာအောင် ပြောဆိုဖြောင်းဖြပြီး ကတိပေးပါ။ ( ၈ ) ငါကယောက်ျား နင်ကမိန်းမ ငါပြောသမျှ နင်နားထောင်ရမယ် ၊ လုပ်ရမယ် ဆိုတဲ့ အယူအဆကို လုံးဝစွန့် လွှတ်ပြီး နှစ်ဦးနှစ်ဘက် တရားမျှမျှတတ ဖြစ်အောင် အမြဲ သတိပြုပြောဆိုသွားလာလုပ်ဆောင်ပါ။ ( ၉ ) သူနှင့် သွားတွေ့ လျှင် တကိုယ်ရေသန့် ရှင်းအောင် လုပ်ပြီး သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင် ပြီးမှ သွားတွေ့ ပါ။ ( ၁၀ ) သင်နှင့်သူ လာတွေ့ စဉ် (သို့ ) သင့်အား သူ့ ဓာတ်ပုံပို့ လိုက်လျှင်ဖြစ်စေ သူပြင်ဆင်မထားလျှင် ကြည့်မကောင်း ဖြစ်နေလျှင်သော၎င်း ၊ပြင်ဆင်ထားသော် လည်း တစ်ခုခု လိုအပ်နေရင်ကြည့်မကောင်းဖြစ်နေလျှင်သော်၎င်း ကဲ့ရဲ့ ဝေဖန်ခြင်းမပြုပါနှင့်။ အမြဲလှတယ်၊ တအားချစ်စရာကောင်းတယ်လို့ သာပြောပေးပါ။
မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက်
=====================================
( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။
( ၂ ) ကိုယ် ပြောချင်တာထက် သူပြောချင်တာကို အရင်နားထောင်ပေးပါ။
( ၃ ) သူစိတ်ကောက်နေလျှင် စိတ်ပြေသည့်အထိ စိတ်ရှည်ရှည်ထားပြီး နူးညံ့ပျော့ပျောင်းသော ကိုယ်နှုတ်အမူအရာဖြင့် ပြန်ချော့ပါ။
( ၄ ) အခါအားလျော်စွာ သင်တတ်နိုင်သလောက် လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် သူ၏ ယုံကြည်မှုကို ရယူပါ။
( ၅ ) သူနှင့် သွားနေစဉ် (သို့ ) တွေ့ နေစဉ် အခြားမည်သည့် မိန်းမကိုမှ မည်မျှပင်ချောနေ လှနေသည် ဖြစ်စေ လုံးဝစိတ်ဝင်စားမှု မပြပါနှင့်။
( ၆ ) သင့်ကိုယ်သင် ငွေကြေးချမ်းသာပြည့်စုံမှုထက် ရိုးသားကြိုးစားပြီး ထက်မြတ်သူဖြစ်ကြောင်း သူလက်ခံလာအောင် ပြပေးပါ။
( ၇ ) သင်မဟုတ်တာ (သို့ ) မလုပ်သင့်တာ တစ်ခုကို သူသိထားလျှင် ဇွတ်အတင်း ညာပြီး ငြင်းမနေပါနှင့်။ မိမိအမှားကို ယောက်ျားပီပီ လက်ခံပြီး နောက်မဖြစ်စေရဘူးဟု သူယုံကြည်လာအောင် ပြောဆိုဖြောင်းဖြပြီး ကတိပေးပါ။
( ၈ ) ငါကယောက်ျား နင်ကမိန်းမ ငါပြောသမျှ နင်နားထောင်ရမယ် ၊ လုပ်ရမယ် ဆိုတဲ့ အယူအဆကို လုံးဝစွန့် လွှတ်ပြီး နှစ်ဦးနှစ်ဘက် တရားမျှမျှတတ ဖြစ်အောင် အမြဲ သတိပြုပြောဆိုသွားလာလုပ်ဆောင်ပါ
( ၉ ) သူနှင့် သွားတွေ့ လျှင် တကိုယ်ရေသန့် ရှင်းအောင် လုပ်ပြီး သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင် ပြီးမှ သွားတွေ့ ပါ။
( ၁၀ ) သင်နှင့်သူ လာတွေ့ စဉ် (သို့ ) သင့်အား သူ့ ဓာတ်ပုံပို့ လိုက်လျှင်ဖြစ်စေ သူပြင်ဆင်မထားလျှင် ကြည့်မကောင်း ဖြစ်နေလျှင်သော၎င်း ၊ပြင်ဆင်ထားသော် လည်း တစ်ခုခု လိုအပ်နေရင်ကြည့်မကောင်းဖြစ်နေလျှင်သော်၎င်း ကဲ့ရဲ့ ဝေဖန်ခြင်းမပြုပါနှင့်။ အမြဲလှတယ်၊ တအားချစ်စရာကောင်းတယ်လို့ သာပြောပေးပါ။
Android ဖုန်းတစ်လုံးကို အစစ်လား အတုလား စမ်းသပ်နည်း
(၁) Samsung Galaxy Phone တွေမှာ Settings ထဲက Display ထဲဝင်ပြီး Font Style ကိုရှာပါ။ ရှာတွေ့ရင် အစစ်ဖြစ်ကြောင်းယုံကြည်လို့ရပါတယ်။
(၂) တခြား Android ဖုန်းတွေမှာတော့ settings ထဲက About Phone ထဲကိုဝင်ပြီး Android Version နေရာမှာဆက်တိုက် ခပ်မြန်မြန်လေး (၅) ကြိမ်လောက်နှိပ်ပေးပါ။ စက်ရုပ်ပုံလေးပေါ်လာရင်အစစ်ဖြစ်ကြောင်းယုံလို့ရပါတယ်။
clone handsets တွေမှာ အဲဒီလိုဖြစ်အောင်မလုပ်နိုင်ပါဘူး။
ဒီနည်းလမ်းက Android ဖုန်း အစစ်လား အတုလားသိချင်ရင် အလွယ်ဆုံးစမ်းသပ်ကြည့်နိုင်တဲ့ နည်းဖြစ်ပါတယ်။
အဆင်ပြေကြပါစေ
သံဗူးကိုအသုံးပြုထားတဲ့အဖျော်ယမကာတွေကိုသောက်တော့မယ်ဆိုရင်သတိထားပါ
eptospira ဆိုတဲ့ virus ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ကြွက်သေးတွေထဲမှာ ခိုအောင်းနေတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ (ဘယ်နိုင်ငံလဲမမှတ်မိတော့ပါ) မိသားစုတစ်စုက တနင်္ဂနွေအားလပ်ရက်မှာ ပျော်ပွဲစားထွက်တယ်။ စားစရာနဲ့  အဖျော်ယမကာသံဗူး (tin cans) တွေ ယူသွားတယ်။ တနင်္လာနေ့ မှာ မိသားစုဝင်နှစ်ယောက် ဆေးရုံ (အထူးကြပ်မတ်ဆောင်) တက်ရတယ်။ ဗုဒ္ဓဟူးနေ့ မှာတစ်ယောက် ဆုံးသွားတယ်။ Autopsy result က leptospirosis ပါ။ ဘာကြာင့်ဖြစ်တာလဲဆိုတော့ ခြောက်သွေ့ နေတဲ့ကြွက်သေးနဲ့ အတူ leptospira ကပ်ညှိနေတဲ့ သံဗူးတွေကိုသောက်မိတာကြောင့်ပါ။Tin Can မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ၊ ဖန်ခွက် (သို့ ) ခွက်တခုခုနဲ့ မထည့်ဘဲ မော့သောက်ခဲ့တာပါ။
အဖျော်ယမကာများဈေးကွက်ထဲဖြန့် ဖြူးရောင်းချခြင်းမပြုမှီ stock မှာသိုလှောင်သိမ်းဆည်းထားလေ့ရှိပါတယ်။ ကြွက်များဖြတ်လျှောက်သွားရုံသာမက ကြွက်သေးများပါရှိနေတတ်ပါတယ်။
ဒါကြောင့် အဖျော်ယမကာသံဗူး တွေသောက်တဲ့အခါ သံဗူး မျက်နှာကိုပြန်သန့် စင်ဖို့ မမေ့နဲ့ နော် ။
ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ လိုက်နာရန်
ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ အနေနဲ့ ဘယ်လိုမှန်ကန်တဲ့ နည်းလမ်းနဲ့ ထိုင်ရမယ်၊ ကြည့်ရမယ်၊ အသုံးပြုရမယ်ဆိုတာ ပုံမှာ ပြသထား ပါတယ်။
-မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးရှိသော အခြားတစ်နေတရာသို့ စက္ကန့် ၂၀ ကြည့်ရှုပါ။
- ထိုင်ခုံ၊ မော်နီတာ၊ မီးအလင်းအမှောင်အားလုံးကို မိမိနဲ့ အဆင်ပြေဆုံးဖြစ် မယ့် အနေအထားတစ်ခုကို ချိန်ထားရပါမယ်။
ကွန်ပြူတာ မျက်နှာမှ စာများ ဖတ်လို့ လွယ်ကူဖို့အတွက် မျက်နှာပြင်ကို enlarge ပြုလုပ် (ချဲ့ ) ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
မိမိ ကွန်ပြူတာစင်နဲ့ ပတ်ပတ်လည်မှာ ဖုန်များ ရှိမနေသင့်ပါဘူး။ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရမယ့် နေရာမှာ ဖုန်နဲ့ အခြားအမှိုက် သရိုက် တွေပါ ရောယှက် ညစ်ပတ်နေရင် တစ်ကိုယ်ရည် ကျန်းမာရေးကို
ထိခိုက်စေပါတယ်။
မျက်တောင်ခန့်ဖို့ မမေ့ပါနှင့်။ မျက်တောင် မခက်ပဲ ကွန်ပြူတာကို တစ်နေကုန် စိုက်ကြည့်ခြင်က မျက်တွင်းခမ်းခြောက်စေပြီး မျက်စိ အကြောအားနည်းခြင်းနဲ့ အခြား အာရုံကြော ဆက်စပ်ရောဂါများ ဖြစ် လာနိုင်ပါတယ်။