This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, September 12, 2013
အရှင်ဆန္ဒာဓိကရဲ့  ဆုံးမစာလေးပါ
ဘယ်သူ ကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာ အသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာ အသိဥာဏ်များရင် ယဉ်ကျေးတယ်။
ဆဲဆိုတာ  သူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာ  သူ့အလုပ်  သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာ သူ့အလုပ်၊  မချစ်မိအောင်  သည်းခံတာ ကိုယ့်တာဝန်၊
မုန်းစရာကောင်းတာ သူ့အလုပ်၊  မမုန်းမိအောင် သည်းခံတာ ကိုယ့်တာဝန်။
စိတ် မပူလောင်ချင်ရင် ဘယ်သူ့ကိုမှ  မချစ်ပါနဲ့၊
စိတ် မဆင်းရဲချင်ရင်   ဘယ်သူ့ကိုမှ  မမုန်းပါနဲ့။
ကိုယ့်ကိုကိုယ် စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊ ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ်
ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။သူတစ်ပါးရဲ့အမှာ ချို့ယွင်းချက်ကို အပြစ်မြင်၊အပြစ်တင်မယ်ကြံတိုင်း၊ငါ့မှာရော
အမှားလုံးဝမရှိဘူးလားလို့ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ်သည်းခံခွင့်လွှတ်နိုင်စွမ်း
တိုးပွားလာမှာအမှန်ပဲ။
ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင်နေတတ်ခြင်းဟာစိတ်ကျန်းမာရေးပါပဲ။စိတ်ကျန်းမာရေးချို့
ယွင်းသူတွေရဲ့အဓိက အားနည်းချက် ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။
ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့ ၊ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး
စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေး
့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။
သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲနေရမယ့်အ
ချိန်ဖြစ်နေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။
ကောင်းမှုကုသိုလ် အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက်ထလုပ်လိုက်မှထမြောက်
အောင်မြင်တတ်ပါတယ်။အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင်မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။စိတ်
ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာတစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာဘယ် အ
ရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့ စိတ်ဓာတ်ကျနေတာ၊နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံး
ဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။
တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲနိမ့်ကျ
ခြင်းရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့ စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်
ဖက်ကတစ်ဖက်ကို ရုတ်တရပ် ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။
နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့လက္ခဏာဖြစ်တယ်။ အဲဒီအ
နိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူကရှုံး
လို့ဆိုပြီး စိတ်ဓာတ်တွေ ကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ် ။
ရှုံးပေမယ့်မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ်ကြည့်တတ်တဲ့သူတွေ
အတွက်တော့ အခါမလပ် ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံး အရှုံးချောက်
ကမ်းပါးက တက်ဖွယ်မရှိဘူး။
စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေ တိတ်တိတ်လေးကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာ
တာပဲလို့နှလုံးသွင်းပါ။ လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကို တစ်ယောက် အနိုင်ယူချင်တဲ့ စိတ်ဖြစ်တတ်တယ်။
သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမကအလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်
ရှိနေရင်တော့စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်းစိတ်မအေးချမ်းဘူး။အနိုင်
အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။
အရှင်ဆန္ဒာဓိက
အင်တာနက် မင်းသမီး မဖြစ်စေဖို့ မြန်မာ အမျိုးသမီး တို့ ဆင်ခြင်ကြပါ....
Photo: အင်တာနက် မင်းသမီး မဖြစ်စေဖို့ မြန်မာ အမျိုးသမီး တို့ ဆင်ခြင်ဆို့ (Share လုပ်ချင်းအား ဖြင့် မြန်မာ အမျိုးသမီးများကို ကာကွယ်ပါ) ဒီစာကို မဖတ်ခင် ကျွန်တော် တစ်ခုလောက်ပြောပါရစေ အင်တာနက် သုံးတဲ့ အမျိုးသမီး အားလုံး ဖတ်မိစေရန် ရည်ရွယ်ပါသည်....... အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေးကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာ ကိုလဲ မြင်နေရ ပြန်ပါတယ်။ ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။ နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာ ကို ချောင်းရိုက် ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။ အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။ ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။ ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။ ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။ ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။ ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။ အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။ ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။ ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။ အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။ ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။ cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။ ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။ vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။ ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။ မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။) ၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။ ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။ ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။ တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။ ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။ ၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။ ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူ့မျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။ မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။ ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။ အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။ စင်္ကာပူဖီး
မိဘတွေကို မပြောသင့်တဲ့ စကား(၁၀)ခွန်း
လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။
(၁)
အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!
(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။
ဖုန်းကိုချဖို့ပဲ မလောပါနဲ့)
(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!
(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)
(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)
(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)
(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)
(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)
(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။
(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )
မေ့လျော့နေကြသော မိဘဂုဏ် ၁၂ ပါး
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂ )ပါး။
၁။ မိဘဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘဆရာ ဖြစ်တော့သည်။
၃။ အလှူခံပုဂ္ဂိုလ် မိဘဆို လှူကိုလှူရမည်။
၎။ အိမ်စောင့်အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချိုတိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ဥစ္စာ သားသမီးဖို့ပါ ဖွေရှာထိန်းသိမ်းသည်။
မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။
အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။
အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက
မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။
ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။
အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်။
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည်ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။
သားသမီးကလည်း ထိုသို့ ပြန်လည်လုပ်ကျွေးထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီးရှာဖွေသည်ကို မပျောက်ပျက်အောင်တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ်သည်။
၅။ သားသမီးမမွေးခင်ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့်
ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထား
သောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။
ဆီးသီး(ဇီးသီး) နဲ့ သဘာဝအသားအရေထိန်သိမ်းနည်း။
ဆီးသီးဟာ မည်သည့်အသားအရေအတွက်မဆို သင့်တော်တဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိဘဲ အသုံးပြုနိုင်ပါတယ်။ ယနေ့ အလှကုန် ဈေးကွက်ထဲမှာ ဆီးသီးဖြင့်ဖော်စပ်ထားတဲ့ ကုန်ပစ္စည်းများ တွင်ကျယ်စွာရောင်းချနေကြရပါတယ်။ စရိတ်စကမများဘဲ လှပတဲ့အသား အရေပိုင်ရှင်ဖြစ်အောင် မိမိအိမ်မှာ အောက်ပါနည်းလမ်းအသွယ်သွယ်တို့ ဖြင့် ဖန်တီးနိုင်ပါတယ်။
၁။မျက်နှာအသားထဲမှာ စွဲမြဲဝင်ရောက်နေတဲ့ မှိုင်း/ဖုံ/အညစ်အကြေးတို့ ကြောင့် သင့်မျက်နှာမည်းညစ်ညစ်ဖြစ်နေပါသလား။ စိတ် မပူပါနှင့်။ ဆီးသီး ၃လုံးကို ကျိတ်ချေ၍ သဘာဝပျားရည်စစ်စစ် စားပွဲတင်ဇွန်း ၁-ဇွန်းဖြင့် ရောနယ်၍သော်လည်းကောင်း၊ (သို့ မ ဟုတ်) ဆီးသီး ၃လုံးကို ကျိတ်ချေပြီး၊ သဘာဝကော်ဖီမှုန့်  စားပွဲတင်ဇွန်း ၁-ဇွန်း၊ သဘာဝပျားရည်စစ်စစ် စားပွဲတင်ဇွန်း ၁-ဇွန်း တို့  ဖြင့် ရောနယ်၍သော်လည်းကောင်း မျက်နှာအနှံ့ လိမ်းကျံပေးပြီး ၁၀မိနစ်အကြာမှာ ရေအေးဖြင့်သန့် စင်ဆေးကြောပေးဖြင့် မျက်နှာပေါ်ရှိ ဆဲလ်အသေများကို ဖယ်ရှားပြီး၊ သင့်မျက်နှာလေး ဖြူစင်လာပါလိမ့်မယ်။
 ၂။ ကြိတ်ချေထားသောဆီးသီး အနှစ်တို့ ကို ကြက်ဥအကာ၊ သကြား နှင့် သမအောင်နယ်ကာ၊ မျက်နှာနှင့်လည်ပင်းတလျှောက် ရက်သတ္တ တစ်ပတ်လျှင်တကြိမ်မျှ လိမ်ပေးခြင်းဖြင့် မျက်နှာပေါ်တွင်အမည်းအစက်အပြောက်နှင့်အသားအရေအရောင် မညီခြင်း တို့ ကို သက်သာစေပါတယ်။
၃။ မျက်နှာအသားအရေသိပ်သည်းညက်ညောစေရန်အတွက်၊
(က)ခြောက်သွေ့သော အသားအရေပိုင်ရှင်များသည် ဆီးသီးသတ္တု ရည် စားပွဲတင်ဇွန်း ၁-ဇွန်းစာပမာဏကို ကြက်ဥအနှစ် ၁-လုံးဖြင့်ရောစပ်နယ်လိမ်းကာ ၁၅မိနစ်အကြာတွင် ရေခပ်နွေးနွေး ဖြင့်မျက်နှာသစ်ပေးရပါမယ်။
(ခ) အဆီပြန်သောအသားရေပိုင်ရှင်များအတွက်၊ ချေမွထားသော ဆီးးသီး ၂ လုံးကို ကြက်ဥအနှစ် ၁လုံး၊ ပျားရည်စားပွဲတင်ဇွန်း ၁/၂ ဇွန်း တို့ ဖြင့်သမအောင်နယ်ကာ လိမ်းကျံပေးပြီး ၁၅မိနစ်ခန့် အကြာမှာ ၊ ရေခပ်နွေးနွေး ဖြင့် မျက်နှာသစ်ပေးရပါမယ်။
(ဂ) ပုံမှန်အသားရေပိုင်ရှင်များအတွက်၊ ချေမွထားသော ဆီးသီး ၃ လုံးကို၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ဇွန်းတို့ ဖြင့် ရောစပ်ကာ facial mask အဖြစ် လိမ်းပေးပြီးနောက် ၁၅ မိနစ်အကြာမှာ ရေနွေး နွေးလေးဖြင့်မျက်နှာသန့် စင်ပြီး ထပ်မံ၍ ရေအေးဖြင့်သစ်ပေးရပါမယ်။
၎။ မျက်နှာပေါ်ရှိ အရေးအကြောင်းများ နှင့် အသားအရေလျော့ရွဲကျမှုများ သက်သာစေရန်အတွက်၊ဆီးသီး ၆လုံးကိုပြုတ်ကာ ထို ဆီးသီးတို့ ကို အအေးခံကြိတ်ချေပြီးနောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောနယ်လိမ်းပြီး၊ ၁၅ မိနစ်ခန့် အကြာမှာရေ အေးအေးဖြင့် သန့် စင်ပေးရပါမယ်။
၅။ဝက်ခြံအမာရွတ်များ၊ အသက်အရွယ်ကြီးရင့်၍ အမဲစက်ပြောက်များနှင့် တင်းတိပ်စွဲခြင်းများအတွက် ကျိတ်ချေထားသောဆီးသီး စားပွဲတင်ဇွန်း (၄)ဇွန်းစာပမာဏကို၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ဇွန်း နှင့် မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်း ၁/၄ ဇွန်း တို့ ဖြင့်ရောနယ်ကာ ရက်သတ္တတစ်ပတ်လျှင် ၃ကြိမ်မျှ ဤနည်းအတိုင်းမှန်မှန်လိမ်းပေးခြင်းဖြင့် သင့်အသားအရေ ကောင်းမွန်တိုးတက်လာပါလိမ့်မယ်။
၆။ ဆီးသီးဟာ မျက်နှာအသားအရေအတွက်သာမက၊ ခေါင်းဦးရေပြားကိုကျန်းမာစေပြီး ဆံပင်မကျွတ်စေပါဘူး။ ဒါ့ကြောင့် ဆီးသီး ကို သဘာဝဆေး ဆံပင်သန်ဆေးအဖြစ် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ လတ်ဆတ်သောဆီးသီးသတ္တုရည်ကို ကြက်ဥ အနှစ် ၁လုံးဖြင့်နယ်ကာ ခေါင်းဦးရေပြားထဲထိ စိမ့်ဝင်အောင်နှိပ်နယ်ပေးပြီး၊ ၁၀မိနစ်ခန့် အကြာမှာ မိမိလျှော်နေကျ ခေါင်းလျှော် ရည်ဖြင့် လျှော်ပေးလိုက်ရုံပါဘဲ။
ဘာသာပြန်သူ (ပေါက်ပေါက်)
မှီငြမ်း (World's Healthiest Fruit - Plum)
ထန်းလျက် ကပေးသော ကျန်းမာရေး အာနိသင်များ
အစာမစားဘဲ နေတာက ကိုယ်အလေးချိန် လျော့ကျစေတဲ့ နည်းလမ်းကောင်း မဟုတ်ပါဘူး။ အထူးသဖြင့် မနက်စာ မစားဘဲ မနေပါနဲ့။ မနက်စာကို ပုံမှန်စားတာဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး တစ်နေ့တာအတွင်း ကယ်လိုရီ လောင်ကျွမ်းမှုနှုန်းကို မြင့်တက်စေပါတယ်။ တစ်နေ့တာမှာ ပထမဆုံးစားတဲ့ အစာကြောင့် စိတ်ကျေနပ်မှု ရှိရင် နောက်ပိုင်းမှာ ကယ်လိုရီကို လျော့နည်းပြီး စားဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကယ်လိုရီ ထိန်းနိုင်မယ့် မနက်စာကို ဖော်ပြပေးလိုက် ပါတယ်။
အိပ်ရာနိုးပြီး တစ်နာရီ အတွင်း နံနက်စာ စားပါ။
ပုံမှန်အတိုင်း နံနက်စာစားသူတွေဟာ ကိုယ်အလေးချိန် များတာမျိုး အဖြစ်နည်း ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ အစောဆုံး စားတဲ့ အစာက အရေးကြီးပါတယ်။ အိပ်ရာနိုးပြီး တစ်နာရီအတွင်း မနက်စာကို စားတာ အကောင်းဆုံးပါ။ အစောပိုင်း မနက်စာ စားတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ဟန်ချက် ညီမျှစေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကို ခပ်မြန်မြန် အားကောင်းစေ ပါတယ်။ 
ပရိုတင်းဓာတ် စားပါ၊ သကြားမစားပါနှင့်။
မနက်စာမှာ ဥ အမျိုးမျိုး၊ ဒိန်ချဉ်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာနဲ့ အခွံမာတဲ့ အစေ့အဆန်တို့လို ပရိုတင်းဓာတ် များများပါတဲ့ အစာတွေ ထည့်စားရင် ကယ်လိုရီ ပမာဏ လျော့နည်းစေပြီး စွမ်းအင်ကို များများ ရရှိစေပါတယ်။ 
အနည်းဆုံး အမျှင်ဓာတ် ရှစ်ဂရမ် မှီဝဲပါ။
ကိုယ်အလေးချိန် လျော့ကျဖို့ အဓိက သော့ချက်ဟာ ကြာကြာ ဗိုက်ပြည့်နေစေတဲ့ အစာတွေစားဖို့ ဖြစ်ပါတယ်။ ဗိုက်အလွန်အမင်း ဆာနေရင် ကယ်လိုရီများတဲ့ အစားအသောက်တွေကို စားဖြစ်စေလို့ မနက်စာမှာ အမျှင်ဓာတ်များများ ပါတဲ့ အစာတွေကို စားသင့်ပါတယ်။ သစ်သီးဖျော်ရည်မှာ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ 
ကယ်လိုရီကို အလွန်အမင်း မစားပါနှင့်။
သင့် ကိုယ်အလေးချိန်နဲ့ ကိုယ်အလေးချိန် လျှော့ချရေး ပန်းတိုင်အပေါ် မူတည်ပြီး တစ်နေ့တာမှာ ကယ်လိုရီ ဘယ်လောက်ပမာဏ စားသင့်တယ်ဆိုတာ မှတ်ထားပါ။ ဟင်းသီးဟင်းရွက် ပါတဲ့ ဟင်းလျာတွေကို ရွေးချယ်စားသုံးပါ။
Ref>>>SweSone Media Group
သွေးတိုးရှိနေပြီလား ...
သွေးတိုးရှိနေပြီလား ... ???
" သွေးတိုးအကြောင်းသိကောင်းစရာ "
သွေးပေါင်ချိန်ပမာဏ မြင့်တက်ခြင်းကို သွေးတိုးသည်ဟု ပြောဆိုကြပါသည်။ သွေးပေါင်ချိန်ပမာဏ ဆိုသည်မှာ နှလုံးမှ ညှစ်ထုတ်လိုက်သော သွေးများမှ သွေးလွှတ်ကြောနံရံပေါ်သို့ သက်ရောက်သော ဖိအားကို ဆိုလိုပါသည်။
သွေးပေါင်ချိန်ပမာဏကို မီလီမီတာမာကျူရီ (mmHg) ဟူသော ယူနစ်ဖြင့် ဖော်ပြပါသည်။
အပေါ်သွေးပေါင်ချိန်ပမာဏနှင့် အောက်သွေးပေါင်ချိန်ပမာဏဟူ၍ နှစ်မျိုးရှိပါသည်။ သွေးပေါင်ချိန်ကို ဖော်ပြရာတွင် ဥပမာအားဖြင့် ၁၂၀/၈၀ ဟူသော ဂဏန်းနှစ်မျိုးဖြင့် ဖော်ပြပါသည်။ သွေးတိုးသောအခါ ၄င်းပမာဏနှစ်ခုအနက်မှ အပေါ်သွေးတစ်မျိုးတည်းဖြစ်စေ၊ အောက်သွေးတစ်မျိုးတည်းဖြစ်စေ၊ အပေါ်သွေးအောက်သွေးနှစ်မျိုးစလုံးဖြစ်စေ မြင့်တက်နိုင်ပါသည်။
အပေါ်သွေးပေါင်ချိန်ဆိုသည်မှာ နှလုံးမှ သွေးများကို ညှစ်ထုတ်လိုက်စဉ်တွင် သွေးလွှတ်ကြောနံရံများ ပေါ်သို့ သက်ရောက်သောဖိအား (Systolic pressure) ဖြစ်ပါသည်။ သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အပေါ်သွေးပေါင်ချိန်ပမာဏသည် (၁၄၀)ထက် မြင့်တက်နေပါက အပေါ်သွေးပေါင်ချိန် တက်သည်ဟု ယူဆပါသည်။ (၁၂၀) ကို ပုံမှန် (normal) ဟု သတ်မှတ်ပါသည်။
အောက်သွေးပေါင်ချိန်ပမာဏဆိုသည်မှာ နှလုံးမှသွေးများကို ညှစ်ထုတ်ပြီးနောက် ပြန်လည်အနားယူချိန်တွင် သွေးလွှတ်ကြော နံရံများပေါ်သို့ သက်ရောက်နေသောဖိအား (Diastolic pressure) ဖြစ်ပါသည်။ သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အောက်သွေးပေါင်ချိန်ပမာဏသည် (၉၀) ထက်မြင့်တက်နေပါက အောက်သွေးပေါင်ချိန် တက်သည်ဟု ယူဆပါသည်။ (၈၀) ကို ပုံမှန် (normal) ဟု သတ်မှတ်ပါသည်။
သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်ရေအများစုတွင် အပေါ်သွေးပေါင်ချိန်ပမာဏသည် (၁၂၀)နှင့် (၁၃၉) ကြားတွင် ရှိလျှင်သော်လည်းကောင်း၊ အောက်သွေးပေါင်ချိန် ပမာဏသည် (၈၀) နှင့် (၈၉) ကြားတွင် ရှိလျှင်သော်လည်းကောင်း ၄င်းကို အကြိုသွေးတိုး (Pre- hypertension) ဟုခေါ်ပါသည်။အကြိုသွေးတိုး ရှိနေပြီဆိုပါက မကြာမီ သွေးတိုးရောဂါ ဖြစ်နိုင်ပါသည်။
သွေးပေါင်တက်ခြင်း၊ ကျခြင်းအပေါ် သက်ရောက်မှုရှိသည့် အချက်များစွာရှိပါသည်။ ၄င်းတို့အနက် တစ်ချို့မှာ-
(၁) ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်ပမာဏ
(၂) သွေးကြောများ၏ အခြေအနေ၊ အာရုံကြောအဖွဲ့အစည်း၏ အခြေအနေ၊ ကျောက်ကပ်များ၏ လုပ်ဆောင်မှု အခြေအနေ
(၃) ဟော်မုန်းဓာတ် ပမာဏ
စသည်တို့ ဖြစ်ကြပါသည်။
အသက်အရွယ်ကြီးရင့်လာသောအခါ အများအားဖြင့် သွေးပေါင်ချိန်တိုးလာတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အသက်ကြီးလာသောအခါ သွေးကြောနံရံများ ထူ၍မာလာသောကြောင့် ဖြစ်ပါသည်။ သွေးတိုးရောဂါရှိခြင်းကြောင့် လေဖြတ်ခြင်း၊ ရုတ်တစ်ရက် နှလုံးရပ်ခြင်း (heart attack)၊ နှလုံးပျက်စီးခြင်း (heart failure) နှင့် ကျောက်ကပ်ရောဂါများကို ဖြစ်စေနိုင်ပြီး အရွယ်မတိုင်ခင် သေဆုံးခြင်းဖြစ်နိုင်ပါသည်။
အောက်ဖော်ပြပါ အခြေအနေများကြောင့် သွေးတိုးရောဂါ ဖြစ်စေနိုင်သည့် အခွင့်အရေး ပိုမိုများပြား နိုင်ပါသည်။
(၁) အ၀လွန်ခြင်း
(၂) စိတ်ဖိစီးမှုများခြင်း၊ ထိတ်လန့်ကြောက်ရွံ့မှုများခြင်း
(၃) နေ့စဉ် စားသောက်မှုတွင် ဆားဓာတ်ပမာဏများခြင်း
(၄) မိဘမျိုးရိုးအတွင်း သွေးတိုးရောဂါရှိခြင်း
(၅) ဆီးချိုရောဂါရှိခြင်း
(၆) ဆေးလိပ်သောက်ခြင်း
တစ်ခါတစ်ရံတွင် မည်သည့်အကြောင်းကြောင့် သွေးတိုးရသည်ကို တိတိကျကျ ကောက်ချက် မချနိုင်တတ်ပါ။ ထိုကဲ့သို့သော သွေးတိုးခြင်းမျိုးကို ဖြစ်စဉ်မသိသွေးတိုးခြင်း (essential hypertension) ဟုခေါ်ပါသည်။
အခြားသောရောဂါတစ်ခုခုကြောင့် သို့မဟုတ် ရောဂါတစ်ခုခုအတွက် သုံးစွဲနေရသော ဆေးဝါးများ ကြောင့် သွေးတိုးခြင်းကို အခြားအကြောင်း ကြောင့် သွေးတိုးခြင်း (secondary hypertension) ဟုခေါ်ပါသည်။
အခြားအကြောင်းကြောင့် သွေးတိုးခြင်း (secondary hypertension) ဖြစ်စေနိုင်သော အချက်များမှာ
(၁) အရက် အလွန်အကျွံသောက်သုံးခြင်း
(၂) သွေးကြောနံရံများ ထူလာခြင်း
(၃) နာတာရှည်ကျောက်ကပ်ရောဂါရှိခြင်း
(၄) ဆီးချိုရောဂါရှိခြင်း(ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း)
(၅) အင်ဒိုခရိုင်းပုံမမှန်ခြင်း
ဥပမာ-သိုင်းရွိုက်ပုံမမှန်ခြင်း(thyroid disorders)
ကူးရှင်းရောဂါ(Cushing syndrome)
(၆) ကျောက်ကပ်သွေးကြောကျဉ်းခြင်း(renal artery stenosis)
စသည်တို့ဖြစ်ကြပါသည်။
အချို့သောဆေးဝါးများကြောင့်လည်း Secondary hypertension ဖြစ်နိုင်ပါသည်။
ဥပမာ-
(၁) အစာစားချင်စိတ်လျှော့ချသော ဆေးဝါးများ(appetite suppressants)
(၂) သန္ဓေတားဆေးများ(birth control pills)
(၃) တစ်ချို့သော အဖျားကျဆေးများ
(၄) စတီးရွိုက်ဆေးများ
(၅) ခေါင်းကိုက်ပျောက်ဆေးများ(migrane medications)
စသည်တို့ဖြစ်ကြပါသည်။
သွေးတိုးသောအခါ အများအားဖြင့် ရောဂါလက္ခဏာ မပြတတ်ပါ။
ရောဂါလက္ခဏာပြသောအခါ
(၁) စိတ်ရှုပ်ထွေးခြင်း
(၂) နားအူခြင်း
(၃) နုန်းခွေခြင်း
(၄) ခေါင်းကိုက်ခြင်း
(၅) နှလုံးတုန်ခြင်း
(၆) နှာခေါင်းသွေးလျှံခြင်း
(၇) အမြင်ေ၀၀ါးခြင်း တို့ကို ခံစားရနိုင်ပါသည်။
အထက်ပါရောဂါလက္ခဏာများထဲမှ တစ်ခုခုကို ပြင်းပြင်းထန်ထန် ခံစားရပါက သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့်ဖြစ်နိုင်သကဲ့သို့ အသက်အန္တရာယ်ရှိသော သွေးတိုးခြင်း (malignant hypertension) ကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဆရာဝန်မှ သွေးပေါင်ချိန်ကြည့်ပြီး သွေးပေါင်တက်နေပါက ဆေးသောက်ရန်လိုမလို၊ သောက်ရန်လိုအပ်ပါကလည်း မည်သည့်ဆေး သောက်ရမည်တို့ကို ညွှန်ကြားပါလိမ့်မည်။ ခဏတာ သွေးပေါင်အနည်းငယ် တိုးရုံမျှဖြင့် သွေးပေါင်ကျဆေးသောက်ရန် လိုအပ်ချင်မှ လိုအပ်ပေလိမ့်မည်။ ဆရာဝန်မှ ဆေးသောက်ရန်မလိုအပ်ဟု ဆုံးဖြတ်ပါက စိတ်ရောကိုယ်ပါ အနားယူခိုင်းခြင်း၊ ခေါင်းကြည်စေရန် သံပုရာရည်သောက်ခိုင်းခြင်း၊ အဆီ၊ အငန် ကဲ့သို့ သွေးတိုးစေသော အစားအသောက်များအား ရှောင်ကျဉ်စေခြင်း၊ ကိုယ်အလေးချိန်လျှော့ချစေခြင်း စသည့်နည်းလမ်းများကို ညွှန်ကြားမည် ဖြစ်ပါသည်။ ထို့ပြင် သွေးပေါင်ချိန်ကို မကြာခဏ ချိန်ကြည့်ခြင်းဖြင့် ယာယီသွေးတိုးခြင်း သို့မဟုတ် သွေးတိုးရောဂါရှိခြင်းကို ဆုံးဖြတ်ပေးမည် ဖြစ်ပါသည်။
အကယ်၍ သွေးပေါင်ချိန်တိုင်းတာခြင်းကို ဒစ်ဂျစ်တယ် (digital) သွေးပေါင်ချိန်တိုင်းစက်ဖြင့် ဖြစ်စေ၊ ပြဒါးတိုင်သွေးပေါင်ချိန်စက်ဖြင့် ဖြစ်စေ မိမိအိမ်တွင် သွေးပေါင်ချိန်မည်ဆိုပါက နောက်ဆုံးတိုင်းတာထားသော သွေးပေါင်ချိန် အမှတ်၊ ပျမ်းမျှအပေါ်သွေးပေါင်ချိန်အမှတ်နှင့် အောက်သွေးပေါင်ချိန်အမှတ် စသည်တို့ကို သိရှိထားရန်လိုအပ်ပါသည်။
အိမ်တွင်သွေးပေါင်ချိန်ပြီးနောက် သွေးတိုးသည်ဖြစ်စေ၊ သွေးပေါင် ကျသည်ဖြစ်စေ မိမိသဘောဖြင့် သွေးပေါင်ကျဆေးကို တိုးသောက်ခြင်း၊ လျော့သောက်ခြင်းတို့ကို မပြုလုပ်သင့်ပါ။ ဆရာဝန်အား အကြောင်းကြား တိုင်ပင်ပြီးမှသာ ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာသင့်ပါသည်။
သွေးပေါင်ချိန်တက်လျှင် သွေးတိုးသည့် ပမာဏပေါ် မူတည်၍ နှလုံး၊ ကျောက်ကပ်၊ မျက်လုံးနှင့် အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အပေါ် ထိခိုက်မှု ရှိမရှိကို ဆရာဝန်မှ စမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စမ်းသပ်စစ်ဆေးရာတွင် -
(၁) သွေးစစ်ဆေးခြင်း
(၂) အက်ဟိုး (Echocardiogram) ရိုက်ခြင်း
(၃) အီးစီဂျီ (ECG) ဆွဲခြင်း
(၄) ဆီးစစ်ခြင်း
(၅) တယ်လီဗေးရှင်းဓါတ်မှန် (Ultrasound) ရိုက်ခြင်း
စသည်တို့ ပါဝင်နိုင်ပါသည်။
သွေးပေါင်ချိန်ကျစေရန်အတွက် ကုသရာတွင် သွေးပေါင်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေရန်အတွက် သင့်တော်သော သွေးပေါင်ချိန်ပမာဏ အတွင်းသို့ ရောက်ရှိနေစေရန် ရည်ရွယ် ကုသပါသည်။ ပုံမှန်သွေးပေါင်ချိန်သည် ၁၂၀၊၈၀ ဟု သတ်မှတ်ထားသော်လည်း သွေးတိုးရောဂါရှင်အများစုတွင် ၄င်းသွေးပေါင်ချိန် အမှတ်သို့ ချက်ချင်းရောက်ရှိရန် ပြုလုပ်၍မရပါ။ အချိန် ကြာမြင့်စွာ သွေးတိုးနေသူအဖို့ သွေးပေါင်ချိန် ရုတ်တစ်ရက်ကျအောင် ဆေးဝါးများ အလွန်အကျွံ သုံးစွဲပါက အန္တရာယ်ရှိပါသည်။ ထို့ကြောင့် ထိုကဲ့သို့သောသူများတွင် သွေးတိုး၏ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေနိုင်သော သင့်တော်သည့် သွေးပေါင်ချိန်အတွင်းရှိနေစေရန် ရည်ရွယ် ကုသရပါသည်။ သင့်တော်သည့် သွေးပေါင်ချိန်ပမာဏသည် တစ်ဦးနှင့် တစ်ဦး တူညီမှု မရှိနိုင်ပါ။ တတ်ကျွမ်းနားလည်သော သမားတော်ကြီးများမှ သေသေချာချာ စစ်ဆေးပြီး သတ်မှတ်ပေးမည်ဖြစ်ပါသည်။
သွေးတိုးရောဂါအမျိုးအစားပေါ် မူတည်၍ အသုံးပြုသော သွေးပေါင်ကျဆေး အမျိုးအစားများစွာရှိပါသည်။ ၄င်းတို့အနက် တစ်ချို့မှာ
(၁) Alpha blockers
(၂) ACEI
(၃) ARB
(၄) Beta blockers
(၅) Calcium channel blockers
(၆) Central alpha agonists
(၇) Diuretics
(၈) Vasodilators
စသည်တို့ဖြစ်ကြပါသည်။
ဆရာဝန်ညွှန်ကြားချက်အရ သွေးပေါင်ကျဆေးကို စနစ်တကျ သောက်ရမည့်အပြင်
(၁) သင့်တော်သော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း
(၂) ကိုယ်အလေးချိန်လျှော့ချခြင်း
(၃) ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို ပြောင်းလဲစားသောက်ခြင်း
စသည်တို့ကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်ရပါမည်။ အကယ်၍ သင်သည် အကြိုသွေးတိုး(Pre-hypertension) ရှိနေပြီဆိုပါက အထက်ပါအချက် သုံးချက်ကို အမြန်ဆုံး ဆောင်ရွက်သင့်ပါသည်။
ပရိသတ်များ ကိုယ်ရော၊ စိတ်ပါ ကျန်းမာချမ်းသာကြပါစေ။
အဆိပ် များ နှင့်ပတ်သက်၍"(လောကတွင်ရှိသေးသောအဆိပ်)
လူနှင့်  ပတ်ဝန်းကျင်တွင် လူတို့ အသက်ကို လက်တလော သေကြေ ပျက်စီးစေတတ်သော အဆိပ်များ၊
တစ်ဖြည်းဖြည်း  သေကြေ ပျက်စီး စေတတ်သော အဆိပ် များနှင့် မူရင်း     အားဖြင့်   အဆိပ်    မမည်ပေ။
သို့သော် အဆိပ်ကဲ့  သို့ပင် ထပ်တူ အန္တရာယ်ပေးတတ်သော အဆိပ်မမည်သော   အဆိပ်များ လွန်စွာ
ပေါများ လှပါသည်။  နေ့စဉ် မှီဝဲစားသောက်နေသော အစာအာဟာရမှလည်း    အဆိပ်        ဖြစ်နိုင်၏။
ဥပမာ။ ။ပလောပီနံနှင့် ဥဒေါင်းသား၊ခိုသားနှင့် မုန့်ညင်းဆီ၊ ပေအူနှင့်ဝက်သား၊ ခံသီးနှင့်ဘဲဥ၊ ဖရီးသီးနှင့်
ဘဲဥ၊ စိန်နှင့် သံပုရာ စသည်အားဖြင့် ဆန့်ကျင်ဘက် အာာဟာရတို့ပင် ဖြစ်ပါသည်။
လက်တလော သေကြေပျက်စီးစေတတ်သော လူလုပ် အဆိပ်များလည်း ရှိသေး၏။ ဥပမာ။ ။ ဇီဝလက်နတ်များ၊
ဓါတုလက်နတ်များ၊ အဏုမြူလက်နတ်များ၊ နျူကလီးယား လက်နတ်များပင် ဖြစ်ပါသည်။ ထို့ပြင် ပတ်ဝန်းကျင်
သဘာဝမှဖြစ်သော အဆိပ်များလည်း ရှိသေး၏။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကြောင့်အဆိပ်သင့်မှုများ၊ အိုဇုန်းလွှာ  ပေါက်ကွဲမှုကြောင့်  ဖြစ်ပေါ်လာသော ခရမ်းလွန်ရောင်ခြည်   အဆိပ်သင့်မှုများ၊   အဏုမြူ ဓါတ်ပေါင်းဖိုမှ
စိမ်းယိုသော အဆိပ်များ၊ ပိုးသတ်ဆေးဖြန်းထားသော ဟင်းသီး ဟင်းရွက်များကိုစားသောက်မိ၍   တစ်ဖြည်းဖြည်းခြင်း
အဆိပ်သင့်မှုများ စသည်ဖြင့် ပတ်ဝန်းကျင်မှ မမျှော်လင့်ဘဲပေါ်ပေါက်လာသောတတ်သော အဆိပ်များပင် ဖြစ်ပါသည်။
အဆိပ်သည် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိနေတတ်ကြ၏။ ပါးစပ်မှ တစ်ဆင့် လည်ချောင်း၊ အစာအိမ်သို့ ရောက်မှ အန္တရာယ်
ရှိသည်ဟု ထင်မှတ်တတ်ကြ၏။ အမှန်မှာမူ ပတ်ဝန်းကျင်အာရုံကို ခံစားနိုင်သော မျက်စိ၊နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာ
စသော ပသာဒရုပ်(၅)ပါးမှာပင် အဆိပ်သည် အလိုအလျှောက် ၀င်ရောက်နိုင်သည်။ဤသည်တို့မှာ ထင်ရှားသည့် အဆိပ်များပင် ဖြစ်ပါသည်။
အဆိပ်မမည်သော အဆိပ်များ။
ဘုရားဟောဒေသနာ ပိဋကတ်   စာပေတို့တွင် လာရှိသည့် အဆိပ်   မမည်သော်လည်း အဆိပ်ကဲ့သို့ အန္တရာယ်ပေးနိုင်သော
အဆိပ်များလည်း ရှိပါသည်။ လည်ချောင်းမှ တစ်ဆင့် အစာအိမ်ရောက်မှ အန္တရာယ်ဖြစ်နိုင်သော အဆိပ်များမဟုတ်ကြပေ။
မြင်ရာ၊ ကြားရာ၊ နံရာ၊ ရှူရာ၊ ထိတွေ့ရာ အာရုံ(၅)ပါးတို့မှဖြစ်လာနိုင်သော အဆိပ်များပင် ဖြစ်ပါသည်။
သီဟိုဠ်ခေတ်ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသော မဓုရရသ၀ါဟိနီကျမ်း၌ “မြွေ၏ အဆိပ်ကိုသာ အဆိပ်ဟု
မဆိုအပ်။ မင်းဘဏ္ဍာကိုလည်း အဆိပ်ဟု ဆိုအပ်၏။ မြွေဆိပ်ကား အဆိပ် သင့်သူ တစ်ယောက်တည်း  ကိုသာ
သတ်တတ်၏။ မင်းဘဏ္ဍာကား အလုံးစုံသော အမျိုး   စဉ်ဆက် ကိုသတ်တတ်၏။”  ဟုပြဆို၏။      ထို့ကြောင့်
ဤကျမ်းအဆိုအရ မင်းဘဏ္ဍာကိုလည်း အဆိပ်ဟု မှတ်ယူရပေမည်။
(ဥတ္တရောရိယ၀တ္ထု၊ မဓုရရသ၀ါဟိနီကျမ်း။)
သေရည် အဆိပ်။ ။
စူဠနာရဒ  ဇာတ်၌ ဖခင်ရသေ့သည် သားငယ် ရသေ့အား “အဆိပ်ကို မမှီဝဲနှင့်။”     ဟုဆုံးမ    သားငယ်က
“အဘယ်အရာဟာ   အဆိပ်ပါလဲ” ဟုမေးရာ “ချစ်သား၊  လောက၌ အရက်ကို သုရာ ဟုဆိုအပ်၏။  စိတ်ကို
နှစ်သက်စေတတ်၏။ ကောင်းသော အနံ့လည်း ရှိ၏။ ရဲရင့်သော အဖြစ်သို့လည်းရောက်စေတတ်၏။    သဘောကျ
နှစ်သက်စေတတ်သော ယင်ပျားအရသာနှင့်တူ၏။ ထိုအရက်ကို မြတ်သောအကျင့်ကိုကျင့်သူတို့အတွက် အဆိပ်ဟု
မှတ်အပ်၏။” ဟုပြောဆို ဆုံးမခဲ့ပါသည်။ (ဇာတက၊ ၁၊ ၂၆၁၊ စူဠနာရဒဇာတ်။)
ဤဇာတ်တော်အလိုအရ အရက်ကို အဆိပ်ဟု ဆိုလိုပါသည်။
ကာမဂုဏ် အဆိပ်။ ။
ဘုရားရှင်ဇေတ၀န်ကျောင်းတော်၌ သီးတင်းသုံးတော်မူစဉ် သာသနာတော်ကို ငြီးငွေ့နေသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသော ဂု မ္ဘီယဇာတ်၌ “လူတို့တွင် ကာမဂုဏ် (၅)ပါးအပေါင်းသည်     အဆိပ်မည်၏။
ထိုကာမဂုဏ် (၅)ပါးအပေါင်းဟူသော အဆိပ်သည်အာမိသလည်း မည်၏။ အနှောင်အဖွဲ့လည်း မည်၏။ ခန္ဓာကိုယ်
တည်းဟူသော လှိုဏ်၌ ကိန်းအောင်းတည်နေတတ်သောသေမင်းနှင့် တူ၏။” ဟု ဟောတော်မူခဲ့ပါသည်။
(ဇာတက၊ ၁၊ ၁၃၀၊ ဂု မ္ဘီယဇာတ်။)
ဤဇာတ်တော်အလို ကာမဂုဏ် (၅)ပါးကို အဆိပ်ဟု ဆိုလိုပါသည်။
နီတိကျမ်းလာ အဆိပ်များ။ ။
စာဏကျဆရာကြီး ရေးသားသော သက္ကတနီတိကျမ်း၌ ပြဆိုသော အဆိပ်များမှာ……
၁။ ညဥ့်အခါ၌ လှည့်လည်သွားလာခြင်း။
၂။ ပြည့်ရှင်မင်းနှင့် ပေါင်းခြင်း။
၃။ သူတစ်ပါး သားမယားအပေါ် တပ်မက်သောသူ။
၎။ မကုစားဘဲထားသော အနာ။
(တနည်း)
၁။ အပြီးတိုင် မသင်အပ်သော ပညာ။
၂။ မကြေညက်သော အစာ။
၃။ ဆင်းရဲသောသူတို့အတွက် ပွဲလမ်းသဘင်။
၎။ အသက်အရွယ်ကြီးသူတို့အတွက် ငယ်ရွယ်သော မိန်းမ။
တို့သည် အဆိပ်မည်၏ ဟုဆို၏။
ဤနီတိကျမ်းအဆိုအရ အဆိပ်(ဂ)မျိုးဟု မှတ်ယူရပါမည်။
ရတနာ(၃)ပါး အဆိပ်။ ။
“ထက်မြတ်ဝှန်ဆူ၊  အဆိပ်ဟူသည် ၊ သင့်သူသာမျှ၊ သေတတ်စွရှင့်။  သမဏ ဗြဟ္မဏာ၊  အရိယာဟု၊ သံဃာ
ရဟန်း၊ ကျင့်ခန်းမြတ်သူ၊ အဆိပ်မူကား၊ ရှင်လူနီးရင်း၊ ဆွေသင်းပင်းနှင့်၊ မကြွင်းပျက်စီး၊ လောင်သည့်မီးသို့၊
သေပြီးဆက်ဆက်၊ငရဲဆက်၏။” (မဃဒေ၀၊၄၇၃။)
ရတနာ(၃)ပါးနှင့် ရတနာ(၃)ပါးတို့၏  ပစ္စည်းတို့သည်  အဆိပ်  မဟုတ်သော   အဆိပ်စာရင်းတွင်   တင်သင့်၏။
အဘယ့်ကြောင့်ဆိုသော် ရတနာ(၃)ပါးတို့မှ သင့်ရောက်သော အဆိပ်သည် ပစ္စုပ္ပန်တွင် လက်တလော သေစေ
တတ်သည်သာ မဟုတ်သေး။တစ်သံသရာလုံးပင် ဒုက္ခရောက်စေနိုင်။ဆိုးကြိုး ဖြစ်စေနိုင်သောကြောင်ပင် ဖြစ်ပါသည်။
သက်သေပြစရာ သာဓကပေါင်းများစွာပင် ရှိပါသည်။  ဘုရားရှင်ကို   စွပ်စွဲသော စိဉ္စမာန၊  ဘုရားရှင်ကို  ပြစ်မှားသော
သုပ္ပဗုဒ္ဓ၊ သံဃာသင်းခွဲသော ဒေ၀ဒတ် တို့သည် ထိုအပြစ်ကြောင့် အရှင်လတ်လတ် မြေမြိုခြင်း ခံကြရ၏။ရှင်မဟာ
ကစ္စည်းကိုစိတ်အကြံမျှဖြင့်ပြစ်မှားမိ၍မိန်းမဖြစ်ခဲ့ရသော သောရေယျသူဋ္ဌေးသား၊သီလရှိသောခန္တီဝါဒီရသေ့အား
ပြစ်မှားသောကလာဗုမင်း၊ ကိသ၀စ္ဆရသေ့အား ပြစ်မှားသော ဒဏ္ဍကီမင်း စသည်တို့ ဖြစ်ပါသည်။ကလာဗုမင်းနှင့်
ဒဏ္ဍကီမင်းတို့သည် မိမိတို့ တစ်ဦးတည်းသာ ပျက်စီးခဲ့ကြသည် မဟုတ်။ ပြည်သူ ပြည်သားအားလုံးနှင့်တိုင်းပြည်ပါ ပျက်စီးဆုံးရှုံးခဲ့ကြခြင်း ဖြစ်ပါ၏။
အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်လက္ခဏတို့ ဂိဇ္ဈဂုတ်တောင်မှ ဆင်းသက်လာကြစဉ် တွေ့မြင်ရသော ပြိတ္တာများဝတ္ထုတွင် မစင်စားနေရသော ပြတ္တာ၊ ကျီးကန်းပြိတ္တာ တို့သည် သံဃာတော်များအား ပြစ်မှားခဲ့သောကြောင့် သင့်ရောက်သောအပြစ်၊ အဆိပ်များပင် ဖြစ်လေသည်။  (စတုတ္ထပါရာဇိက၊ ၀ိနီတ၀တ္ထု၊ ၀ိ၊ ၁၊ ပါ၊ ၅၈။)
မည်သည့်အဆိပ်ပင်ဖြစ်စေ သင့်ရောက်လျှင် အန္တရာယ်ရှိသည်ချည်းပင် ဖြစ်သည်။  အဆိပ်စစ်ထက်  အဆိပ်မဟုတ်သော
အဆိပ်တို့က ပိုမို၍   အန္တရာယ်ပေးနိုင်လေသည်။ အဆိပ်စစ်က အဆိပ်မှန်းသိ၍  အလွယ်တကူ  ရှောင်နိုင်ကြ၏။    အဆိပ်
မဟုတ်သော အဆိပ်ကအဆိပ်မှန်းမသိ၍ ပြုမိ၊ပြောမိ၊လုပ်မိတတ်ကြ၏။ ထို့ကြောင့်ပိုမို၍အန္တရာယ်ကြီးခြင်း ဖြစ်လေသည်။
သို့ဖြစ်၍ကျန်းမာလိုသူ၊ အသက်ရှည်လိုသူ၊ ဘေးအန္တရာယ်ကင်းလို သူတိုင်းသည် လူကို အန္တရယ်ပေးတတ်သည့်
အဆိပ်နှင့် အဆိပ်မဟုတ်သော အဆိပ်တို့မှ ကင်းဝေးအောင် ရှောင်ကြဉ်ကြရမည် ဖြစ်ပါသည်။
မှီခိုကျမ်းကိုး-
- တက္ကသိုလ် မောင်ကိုရင်၊၏"အဆိပ်မမည်သော အဆိပ်များ"ဓမ္မဆောင်းပါး ။
နှလုံး၊စိတ်ဝမ်း-ငြိမ်းချမ်းကြပါစေ။
မေတ္တာဖြင့်
နွေည
ဖုန်းရုပ်ဖုန်း App ရေးသားနည်း စာအုပ်
မင်္ဂလာပါဗျာ ဖုန်းရုပ်ဖုန်း App တွေ ရေးသားချင်သူတွေ အတွက် App ရေးသားနည်း စာအုပ်ကို ဝေမျှပေးလိုက်ပါတယ်ဗျာ စာရေးသူက ဆရာမ ထင်တယ် လေ့လာသူတွေ အောက်က လင့်နှင့် ဒေါင်းနိုင်ပါပြီး... File Size (5.0MB)
ရှိပါတယ် Download>>>>>>ziddu.com (or) sendspace.com
Download>>>>>>>>>>>>>>>>>>>>>>Files.com
                         www.soesoehein.blogspot.com/ 
“Frozen Keybord Pro” version အသစ် 0.5.3
မင်္ဂလာပါဗျာ Android ဖုန်း/Tablet တွေအတွက်၂၀၁၃ မေလ 21 ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ “Frozen Keybord Pro” version အသစ် 0.5.3 ကိုပြန်ရှယ်ထားပါတယ်Version အသစ်ဆိုတော့ အရင်Version ထက်တော့ပြည့်စုံလာပါပြီး ကီးဘုတ်ပြောင်းသုံးချင်သူတွေအောက်က လင့်နှင့် ဒေါင်းနိုင်ပါပြီးFile Size လည်း 1MB တောင် မပြည့်ဘူး
ဓာတ်ပုံအပျော်တမ်း ရိုက်သူများနှင့် ၀ါသနာအရ လေ့လာလိုသူများအတွက်
ပုံကို ကော်ပီယူပြီး Zoom နဲ့ ကြည့်မှ စာတွေဖတ်လို့ ကောင်းမယ်ထင်တယ် Copy ယူဖတ်
ကင်မရာကောင်းကောင်း ရှိတယ်ဆိုရင် ကင်မရာမှာပါတဲ့ ခလုပ်တွေရဲ့ သဘောတရား
တွေကို သေချာ သိထားဖို့ လိုတယ်နော် ။ ကျနော့်အတွေ့ အကြုံလေးကို   ပြောပြမယ်
အလုပ်မှာ ကင်မရာ 2ခုရှိတယ် အလုပ်နဲ့ ပတ်သက်တဲ့ ပုံတွေရိုက်ဖို့  မောင်တလုံး က
တစ်ခု ယူထားတယ် လက်ထဲရှိတော့ ကလိတာပေါ့နော် အကုန်သိဖို့ မလွယ်ဘူးလှဘူး
မန်နေဂျာနဲ့ အတူ Work Instrustion ဆွဲဖို့  ပစ္စည်းတစ်ခုကို အနီးကပ်ရိုက်တဲ့အခါမှာ
ပုံက ၀ါးနေတာ ဘယ်လိုရိုက်ရိုက် flash ပိတ်ရိုက် ဖွင့်ရိုက် မရဘူး Normal mood နဲ့ 
လည်းမရ Night mood နဲ့ လည်းမရ ။ဒီလိုနဲ့  မန်နေဂျာက ပြောတယ် အရမ်းနီးတဲ့ ပုံ
တွေဆိုရင်  Macro mood ကိုဖွင့်ရိုက်ရတယ်ပေါ့နော် အဲ့လိုရိုက်တော့ ကြည်လင်ပြတ်
သားတဲ့ ပုံတစ်ခု ရလိုက်တယ်။အဲ့ဒါလည်း ဗဟုသုတပါပဲနော။ဓာတ်ပုံရိုက်တာ ၀ါသနာ
ပါတယ်။ ပညာပါဖို့ တော့ ကျုပ်အတော် လေ့လာရအုံးမယ်ဗျာ အဲ့ကြောင့် ရှိတ်ဂျာနယ်
မှာဖတ်ရတဲ့ ပုံလေးကို ညွှန်းလိုက်ပါတယ် ။ ပညာတစ်ခုမဟုတ် တစ်ခု တိုးပါလိမ့်မယ်
Android ဖုန်းသမားအားလုံးအတွက် အသုံးပြုနည်းအသေးစိတ် ရှင်းလင်းချက်
ဒီစာအုပ်က Android ဖုန်းသုံးသူတွေအတွက် Setting ပိုင်းကို အသေးစိတ်ရှင်းထားပီး
အရေးပါတဲ့ မသိမဖြစ်သိရမယ့် Setting ပိုင်းတွေကိုလည်း  အကြောင်းရာ တစ်ခုချင်း
ပုံနှင်တကွ ရှင်းပြထားတာမို့  ဖုန်းစတင်သုံးစွဲသူတွေ  ဖုန်းကိုင်ခါစလူတွေ  ဖတ်သင့်
လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ပါ ။  ဖုန်းအမျိုးစား  မတူသော်လည်း  Android OS
သုံးထားတဲ့   ဖုန်းတွေ   Tablet ,Note  တွေမှာ Setting ပိုင်း သိပ်ပြီး ကွဲပြားမှုမရှိပါဘူး
ပြုပြင်ပုံနဲ့  အသုံးချပုံတူကြပါတယ်  ။ Samsung ပဲသုံးသုံး ၊ HTC ပဲသုံးသုံး ၊ Huawei
Sony-LG-Motorola-စသဖြင့် Android Os တင်ထားတဲ့  ဖုန်းတိုင်းအတွက် အရေးပါ
အရာေ၇ာက်တဲ့  သိသင့်သိထိုက်သည်များကို  အသေးစိတ်အခြေခံကျကျ  ရေးပြပီး
ပုံတွေနဲ့ ရှင်းထားတာကိုတွေ့ ရပါတယ် ။ Android ဖုန်းသမားတွေ  ကြုံရတဲ့ပြဿနာ
Root လုပ်နည်းတွေ ကောင်းကျိုးဆိုးကျိုး တွေကိုလည်း  ရှင်းပြထားပါတယ် နောက်
Root လုပ်တာဟာ  ဖုန်းရဲ့ Warranty ကို ပျက်စေတာကိုလည်း  သတိပြုသင့်ပါတယ်
တချို့ ဆိုင်တွေကတော့  ပြန်လက်ခံတာလည်းရှိပါတယ်။ ဒါပေမယ့် Android သုံးသူ
ကိုင်ဆောင်သူတွေ  ဘာလို့  Root လုပ်ချင်တာလည်းဆိုတာ  သေချာ သိဖို့ လိုမယ်
တွေ့ ရပါတယ် ။ ဟိုနေ့ က  Screen Recoder တစ်ခုရှာတာ   Root လုပ်တဲ့  ဖုန်းသာ
သုံးလို့ ရမှာဖုန်း ကိုယ့်ဖုန်းကို Root လုပ်သင့် မလုပ်သင့်  စဉ်စားနေဆဲပဲရှိသေးတာ
Root လုပ်မယ်ဆိုရင်တော့ ကိုယ်က Admin နေရာရပြီး App တွေကို  လိုအပ်သလို
သွင်းထုတ် လုပ်ခွင့်ရလာမယ် Programming ကို  နားလည်သူ တစ်ယောက်ဆိုလျှင်
Mobile Os တစ်ခုလုံး  ထိန်းချုပ်ခွင့်ရလာမယ် ။ ROM ကို  Modify  လုပ်နိုင်မယ်ဆို
ကိုယ်ပိုင် Setting တွေနဲ့   ကိုယ်ပိုင်ပုံပါတဲ့   Themes လှလှတွေ ပြင်နိုင်မယ်။နောက်
JAVA လေ့လာ  ထားသူတွေအတွက်   OS Management   ကို  ကောင်းကောင်းကြီး
လေ့လာသင်ယူ စမ်းသပ်ခွင့် ရပါလိမ့်မယ် ။ဒါပေမယ့် ဒီအပိုင်းဟာ သာမာန်သုံးသူ
လေ့လာသူအတွက် အန္တရယ်များလှသလို တစ်ခုခု မှားသွားရင် ဘာမှသုံးစားမရပဲ
Firmware ပြန်တင်ရတဲ့အထိ ဖြစ်သွားတတ်တာမို သတိထားသင့်ပါတယ် သို့ သော်
Root လုပ်ချင်တဲ့သူတွေအနေနဲ့ လည်း  ဒီစာအုပ်မှာ  Root လုပ်နည်း  အမျိုးမျိုးကို
ရှင်းပြထားတာမို့  မည်သည့်ဖုန်းအမျိုးစားမဆို Android Mobile Os ဆို အဆင်ပြေ
လွယ်ကူစေမှာဖြစ်ပါတယ် သာမာန်လေ့လာသူတွေအနေနဲ့ လည်း ဖုန်းအကြောင်း
ပြုပြင်နည်း အသေးစိတ်ပါတာမို့ ဖတ်သင့်ပါကြောင်း အကြုံပြု မျှဝေလိုက်ပါ၏
ဒီလင့်မှာ Download ယူဖတ်ပါ - Android သမားတွေအတွက်နည်းပညာစာအုပ်
အပေါ်လင့်ကမရရင် ဒီမှာ - http://www.mediafire.com/Android စာအုပ်
Wednesday, September 11, 2013
ကွန်ပျုတာတစ်လုံးရဲ့ အဓိက အရေးပါတဲ့ CPU အကြောင်းသိကောင်းစရာ
ကွန်ပျုတာဝယ်လျှင် အရေးတယူ ဂရုတစိုက်ကြည့်ဝယ်ရတဲ့  PROCESSOR ကို
ဒီစာအုပ်မှာ အသေးစိတ် ဖော်ပြထားပါတယ် ။ i3-i5   ဘာဝယ်ရင် ကောင်းမလဲ
ဆိုတာထက် ကိုယ်တိုင်ကိုယ်ကျ အသေးစိတ် သိထားရင် ကွန်ပျုတာ တစ်လုံးရဲ့
သဘောသဘာဝကို  ပိုမိုနားလည်လာပြီး ဗဟုသုတ ပြည့်စုံတဲ့ လူတစ်ယောက်
မလွဲဧကန်ဖြစ်ပါလိမ့်မယ်. A+ စာမေးပွဲအတွက်  ရည်ရွယ်တာမို့  အတော်လေး
ပြည့်စုံတဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ..အောက်ကလင့်မှာ ယူဖတ်ကြည့်ပါ....။
Dwonload - http://www2.zippyshare.com/CPU
ဖုန်းနဲ့ အင်တာနက် သုံးသူတွေအတွက် Wifi ဖွင့်ပြီး ကွန်ပျုတာသို့ ခွဲချိတ်နည်း
ဒီနည်းကတော့ ဖုန်းက အင်တာနက်လိုင်းကို ကွန်ပျုတာမှာ ချိတ်ပီးသုံးမယ့်စနစ်ပါ
ဖုန်းမှာ ၀ိုင်ဖိုင်စနစ်ပါရမှာ ဖြစ်သလို ကွန်ပျုတာကလည်း ၀ိုင်ဖိုင်စနစ်ပါမှရပါတယ်
အဲ့လိုဆိုရင်  စချိတ်လို့ ဖို့ အတွက်   ဖုန်းမှာ   အင်တာနက်လိုင်း  ဖွင့်ထားရပါမယ်
ဖုန်းမှာ ချက်တင်လုပ်ရင်း ကွန်ပျုတာကိုလည်း ခွဲသုံးတဲ့သဘောတရား တစ်ခုပါပဲ။
အောက်က နည်းအတိုင်းလိုက်လုပ်ပါ ....။
Seting ==>Wireless and networks ကိုဝင်ပါ
- Tethering and porable hospot ကိုဆက်ပြီးဝင်ပါ
- Portable Wi-Fi hospot ကို အမှန်ချစ်လိုက်ရင် ရပါပီ
ဒါဆိုရင် ဖုန်းက ၀ိုင်ဖိုင်စပြီးလွှင့်နေပါပြီ ။ ကွန်ပျုတာမှာပေါ်နေပါလိမ့်မယ် ။ ဒီလိုဆို
ချိတ်လို့ ရပါပြီ ။ ဖုန်းမှာလည်း  ချက်တင်လုပ်နေလို့ ရပါတယ် ။ကွန်ပျုတာမှာလည်း
သုံးလို့ ရပါပြီ ဒီနည်းက Galaxy ဖုန်းတွေမှာ ချိတ်နည်းအတူတူပါပဲ ။ဆင်မပြေပါက
မေးပို့ ပီး မေးမြန်းနိုင်ပါတယ်။ကွန်ပျုတာက လိုင်းကို ပြန်ခွဲနည်း လာမည် ကြာမည်
မြန်မာပြည်က ဖုန်းနဲ့ သုံးသူများ လက်တော့နဲ့ ချိတ်ကြည့်ပါ အဆင်ပြေပါ၏.......။
PC ကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်မယ်
မင်္ဂလာပါ.. မိမိ ကွန်ပျူတာကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်ချင်သူများအတွက် ဖိုင်ဆိုက်အသေးဆုံး (116KB) နဲ့ လိုင်စင်အတွက် စိတ်မညစ်ရပဲ အမြဲအသုံးပြုနိုင်မယ့် VirtualRouterPlus 2.3.0 ကို မျှဝေပေးလိုက်ပါတယ်... Download မှရလာတဲ့ VirtualRouterPlus 2.3.0 Folder လေးကို Local Disk C အောက်မှာ ထည့်ထားပြီး Folder ထဲမှ VirtualRouterPlus Icon လေးကို Right Click >>> Send To >>> Desktop လုပ်ပြီး ဖွင့် မိမိအသုံးပြုလိုတဲ့ Password ထည့်ပြီး WiFi ပြန်လွှင့်ပေးနိုင်ပါတယ်... 
 အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>>Direct Download (or)dropbox(or)zippyshare
Download ကို နှိပ်လိုက်လျှင် ပွင့်လာသောဆိုက်၏ ညာဘက်အပေါ်ဒေါင့်တွင် 
Please wait 5 seconds ဆိုတာပေါ်လာပြီး အချိန်ပြည့်ပါက
SKIP AD ကိုရောက်သွားပါမည် SKIP AD ကို ထပ်ပ်လိုက်လျှင်
Download လင့်ကို ရောက်ပါမည်။ 
Ref>>>http://www.pyayblogger.com/2013/06/pc-wifi.html
What is Virtual Wifi Hotspot?
Virtual Wifi Hotspot is a free, open source software based router for PCs running Windows 7, Windows 8, Windows Server 2008 R2 and Windows Server 2012. Using Virtual Wifi Hotspot, users can wirelessly share any internet connection (Wifi, LAN, Cable Modem, Dial-up, Cellular, etc.) with any Wifi device (Laptop, Smart Phone, iPod Touch, iPhone, Android Phone, Zune, Netbook, wireless printer, etc.) These devices connect to Virtual Wifi Hotspot just like any other access point, and the connection is completely secured using WPA2 (the most secure wireless encryption.)
Improvements from Virtual Router
    Works on Windows 8 and Windows 2012
        Solved the problem of "Virtual router could not be started"
    No installation needed
    Do not start background service so anything is under your control
0 မှတ်ချက်
သိထားသင့်တဲ့ ကွန်ပျုတာပြုပြင်ထိန်းသိမ်းနည်း အခြေခံသဘောတရားများ
ဒီစာအုပ်က ကွန်ပျုတာထဲမှာပါဝင်တဲ့  အတွင်းအစိတ်ပိုင်းတွေရဲ့ သဘောတရားများ
အရေးပါမှု ပြုပြင်ထိန်းသိမ်းနည်းတွေကို အသေးစိတ်  အခြေခံကျကျ ရှင်းပြထားလို့ 
ကွန်ပျုတာရှိတဲ့ အခြေခံပညာသင်တွေအတွက် ဖတ်သင့်တဲ့စာအုပ်ပါ ဘာလို့ လဲဆို
ကွန်ပျုတာပျက်လို့  ပြင်ဆိုင်ပို့ ခဲ့ရင်  အတွင်းက ပစ္စည်းပျက်တဲ့အခါ  ကိုယ့်အနေနဲ့ 
အရေးပါတဲ့ဟာလား သာမာန်လားဆိုတာ သိထားသင့်ပါတယ်။ မသိဘူးဆိုရင်တော့
ပြင်ဆိုင်က ပြောသမျှလက်ခံပီး ကျသလောက်ရှင်းရမယ် ။ ငွေပိုကုန်တော့မယ်နော်
အဲ့လိုမှမဟုတ်ပဲ ကိုယ်တိုင်မပြင်တတ်ပေမယ့် ဘာလက္ခဏာပြလာရင် ဘယ်ဟာက
ပျက်တာ အဲ့တာပျက်ရင် ဘယ်လောက်ကုန်နိုင်လဲ အရေးကြီးတာလား မကြီးတဲ့ဟာ
ဒါတွေကို ဗဟုသုတသိထားသင့်တယ်။ ဒါမှ ပြင်သင့်လား အသစ်လဲသင့်လားဆိုတာ
ကိုယ်တိုင်သိနိုင်လိမ့်မယ် ။အခြေခံသင်တန်း မတက်ဖူးသူတွေအတွက် ဒီစာအုပ်ကို
သေချာဖတ်ရင် လုံလောက်ပီလို့ ပြောလို့ ရတယ် ။ Hardware သင်တန်းမတက်ဖူး
မလေ့လာဖူးရင် ဒါကိုသေချာဖတ်လိုက်ပါ နားလည်သဘောပေါက်လာပါလိမ့်မယ်
ဒီလင့်မှာ Download ယူပါ-ကွန်ပျုတာအခြေခံပြုပြင်ထိန်းသိမ်းနည်းစာအုပ်