လည်ချောင်း နာခြင်းဟာ ကလေးငယ် တွေမှာ အဖြစ်များတတ်ပြီး အချိန်သိပ်ပြီး
မကြာဘဲ
ပျောက်ကင်း သွားတတ်ပါတယ်။ အချိန် သုံးရက် လောက်ကြာချိန်မှာ
သူ့အလိုလိုပျောက် သွားတတ်ကြပေမယ့် ခံရ ခက်တဲ့ ဝေဒနာ
တစ်ခုပါပဲ။လည်ချောင်းနာတာက Streptococci
ဘက်တီးရီးယားပိုးကြောင့်အဖြစ်များတတ်ပြီး လည်ချောင်း နာခြင်း နဲ့အတူ
ခေါင်းကိုက် တာနဲ့ ကိုယ်အပူချိန် တက်တာမျိုးတွေ ဖြစ်တတ် ပါတယ်။
ရောဂါပိုးဝင် ခြင်းကို ပြန်လည်ကုသရမှာ ဖြစ်တဲ့အတွက်
ပဋိဇီဝပိုးသတ်ဆေးတွေသောက်ဖို့ လိုပါတယ်။
ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာကြောင့်
သဘာဝနည်းလမ်းလေးတွေနဲ့ ကုသနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ်။
ပန်းသီးရှာလကာရည်သုံးပါ
လည်ချောင်း
နာတာက ဘက်တီးရီးယားမျိုးစုံ ကြောင့်ဖြစ်တာမျိုးပါ။ ရှလကာ ရည်မှာ သဘာဝ
ရောဂါပိုး တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိပါ တယ်။ ရေ တစ်ခွက် ထဲကို ရှလကာ
ရည် လက်ဖက် ရည်ဇွန်း လေးပုံတစ်ပုံ လောက် ပေါင်း ထည့်ကာ လည်ချောင်း အရမ်းနာ
တယ်လို့ ခံစားရချိန် တိုင်း သောက် ပေးပါ။ ဘက်တီး ရီးယားကြောင့် လည်ချောင်း
နာခြင်းကို သက်သာ စေနိုင်ပါတယ်။
ဒိန်ချဉ်သုံးပါ
ကျန်းမာရေးအထောက်အကူပြုဘက်တီးရီးယားတွေ
များစွာပါဝင်တဲ့ ဒိန်ချဉ်ဟာ လည်ချောင်းနာစေတဲ့ ဘက်တီးရီးယားတွေကို
သက်သာစေနိုင်ပါတယ်။ ဒိန်ချဉ်တစ်ခွက်လောက်ကို လည်ချောင်းနာနေစဉ်မှာ
ပုံမှန်သောက်ပေးပါ။ မနက်စာစားချိန်မှာလည်းဒိန်ချဉ်သောက်ပေးနိုင်ပါတယ်။
ဒိန်ချဉ်သောက်ပြီး နာရီဝက်လောက်ကြာမှ တခြားအစားအစာတွေကို စားပေးပါ။
ကြက်သွန်နီသုံးပါ
ကြက်သွန်နီမှာ
ရောဂါပိုးတွေကို ကာကွယ်နိုင်တာနဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်တဲ့
သဘာဝ အာနိသင်တွေပါဝင်ပါတယ်။ လည်ချောင်းမှာ ရှိတဲ့ လည်ချောင်းနာစေတဲ့
ရောဂါပိုးတွေ ကိုလည်း ခြေဖျက် ပေးနိုင်ပါတယ်။ ကြက်သွန်နီ အရည်ဟာ အရမ်းကို
ပူစပ်လွန်းတယ် လို့ ထင်ရင် ရေနဲ့ရောပြီး သောက် ပေးနိုင်ပါတယ်။ တစ်နေ့မှာ
သုံးကြိမ် လောက် သောက် ပေးနိုင်ပါတယ်။ တစ်ခါ သောက်ရင် ကြက်သွန်ဥ အရွယ်တော်
တစ်လုံးပါ။
ကြက်သွန်ဖြူသုံးပါ
ကြက်သွန်ဖြူက
ခန္ဓာကိုယ်တွင်းဘက်တီးရီးယားတွေမဝင်အောင် ခုခံနိုင်တဲ့ အာနိသင်ရှိပါပြီး
ရောဂါပိုးတွေကိုလည်းတိုက်ထုတ်ပေးနိုင်ပါတယ်။
လည်ချောင်းရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ကြက်သွန်ဖြူကိုကြိတ်ခြေပြီး လက်ဖက်စားဇွန်းနဲ့ လေးပုံ
တစ်ပုံလောက်ကို ရေတစ်ခွက်ထဲမှာရောပြီး သောက်ပါ။
ဆီကုထုံး ခံယူပါ
သံလွင်ဆီ
ဒါမှမဟုတ် ဗာဒံစေ့အဆီကို လည်းသုံးလို့ရပါတယ်။ လက်ဝါးပေါ်မှာ
ဆီအနည်းငယ်အစက်ချပြီး သံပရာရည် သုံးစက်၊ စမုန်ဖြူမှုန့် အနည်းငယ်နဲ့
ပျစ်နေအောင် သမလိုက်ပြီး လည်ချောင်း အပေါ်နားကနေ လိမ်းပေးကာ
ပိတ်စပါးပါးလေးနဲ့ အုပ်ထားလိုက်ပါ။ ညအိပ် ရာဝင်ခါနီးတိုင်း
ပြုလုပ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းက ဆီအနည်းငယ်ကို
ဆူနေတဲ့ရေထဲကိုထည့်လိုက်ကာ ထွက်လာတဲ့အငွေ့ကို ရှူပါ။
သစ်ကြားသီးနှင့် ပျားရည်
သစ်ကြားသီးကို ပျားရည်နဲ့ ရောပြုတ်ပြီး စားပေးတာဟာ လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာတွေကိုပါ သက်သာစေနိုင်ပါတယ်။
နေကြာဆီစားပါ
နေ့စဉ်စားနေကျ
အစားအစာတွေထဲကို နေကြာဆီ အနည်းငယ်ထည့်ပြီး စားပေးပါ။ နေကြာဆီက
လည်ချောင်းနာတာနဲ့ အသံဝင်တာတွေကို ကုသရာမှာ အကောင်းဆုံး အကျိုးသက်ရောက်မှု
ရှိပါတယ်။ နေ့စဉ် နေကြာဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက်ထည့်စားပေးပါ။
ဆားနှင့် ဆော်ဒါသုံးပါ
ရေတစ်ခွက်ထဲကို
ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဆား လက်ဖက်ရည်ဇွန်း
နှစ်ဇွန်းထည့်မွှေကာ မနက် အိပ်ရာက နိုးလို့ မျက်နှာသစ်ပြီးချိန်မှာ
လည်ချောင်းထဲထိရောက်အောင် အာလုတ်ကျင်းပေးပါ။
နှစ်ရက်လောက်ဆက်တိုက်ပြုလုပ်ပေးရင်လည်ချောင်းနာတာကို သက်သာသွားစေပါတယ်။
အေးခဲတာတွေကို ခဏရှောင်ပါ
လည်ချောင်းနာနေချိန်မှာ
ကလေးငယ်တွေကို ရေခဲမုန့်နဲ့ အေးခဲအောင်ပြုလုပ်ထားတဲ့
ဂျယ်လီတွေမကျွေးပါနဲ့။ လည်ချောင်းနာတာကို ပိုဆိုး စေနိုင် တာကြောင့်ပါ။
ပြင်ပမှာ ပြုလုပ်ရောင်းချတဲ့ ရေခဲမုန့်နဲ့ ဂျယ်လီတွေကိုကျွေးမယ့်အစား
အိမ်မှာပြုလုပ်ထားတာမျိုးကို ကျွေးပါ။ ဂျယ်လီကို အိမ်မှာ
ကျောက်ကျောမှုန့်နဲ့ သစ်သီး တွေကို ရောနှောပြုလုပ်ပြီး အေးခဲနေတာကို
လျှော့ကာ ကျွေးနိုင်ပါတယ်။ ကလေးကို မကျွေးခင် ရေခဲ သေတ္တာထဲကနေ ခဏထုတ်ထား
လိုက်ကာ အေးတဲ့အရှိန် လျော့သွားမှ စားပါစေ။(ပြန်လည်မျှဝေသည်။)
Saturday, July 20, 2013
လည်ချောင်းနာခြင်းအတွက် သဘာဝနည်းလမ်းနဲ့ဖြေရှင်းမယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment